၆. ၅. ၂၀၂၄
Translated by Thettant

အစ္စလာမ္မစ်အစွန်းရောက် ဟားမတ်စ်တွေဘက်က အသံထွက်ပေးပြီး သွေးထိုး လှုံ့ဆော်နေတဲ့ ကာတာအစိုးရအသံလွှင့်ဌာနတစ်ခု​ဖြစ်တဲ့ အယ်လ်ဂျားဇီးယားသတင်းဌာနရဲ့ အစ္စရေးနိုင်ငံအခြေစိုက် လုပ်ငန်းလည်ပတ်မှုတွေကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

အစ္စလာမ္မစ်နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာအစိုးရထောက်ပံ့မှုနဲ့လည်ပတ်နေတဲ့ အယ်လ်ဂျားဇီးယား သတင်းဌာနဟာ ဟားမတ်စ်တို့နဲ့ ပတ်သက်ပြီး တစ်ဖက်သတ် သွေးထိုး လှုံ့ဆော်မှုတွေ လုပ်ဆောင်နေတာကြောင့် ဂျေရုစလမ်မြို့က Ambassador ဟိုတယ်မှာ ဖွင့်လှစ်ထားတဲ့ အယ်လ်ဂျားဇီးယား သတင်းဌာနရုံးခန်းကို မနေ့က မေလ ၅ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို အယ်လ်ဂျားဇီးယားသတင်းဌာနက ရှုတ်ချကြောင်း ထုတ်ပြန်ထားသလို “ရာဇဝတ်မှုမြောက်တယ်”လို့လည်း တုံ့ပြန်ခဲ့ပါတယ်။

အယ်လ်ဂျားဇီးယားသတင်းဌာနဟာ စစ်ပွဲဖြစ်ပွားရာ ဂါဇာဒေသကို ဝင်ရောက်သတင်းယူခွင့်ရတဲ့ သတင်းမီဒီယာဖြစ်သလို ဟားမတ်စ်အဖွဲ့နဲ့လည်း နီးစပ်တဲ့ဆက်နွှယ်မှုတွေရှိနေတယ်လို့ အစ္စရေးအစိုးရစွပ်စွဲထားသလို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အယ်လ်ဂျာဇီးယားသတင်းဌာနရဲ့ ဂါဇာဗျူရိုအကြီးအကဲရဲ့သား ဟမ်ဇာအယ်လ်ဒါဒိုအပါအဝင် သတင်းထောက်တွေ သေဆုံးခဲဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။

အစ္စရေးအစိုးရဟာ နိုင်ငံတော်လုံခြုံရေးကို ထိပါးမယ်လို့ ယူဆရတဲ့ နိုင်ငံခြားအသံလွှင့်ဌာနတွေကို ယာယီပိတ်သိမ်းနိုင်တဲ့ဥပဒေ ပြီးခဲ့တဲ့လပိုင်းထဲမှာ အတည်ပြုပြဌာန်းထားသလို အယ်လ်ဂျားဇီးယားသတင်းဌာနအပေါ် ဒီပိတ်သိမ်းမှုကလည်း ချက်ချင်းအသက်ဝင်မယ်လို့ အစ္စရေးဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *