၆.၅.၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်က ၎င်း၏ ဥရောပသုံးနိုင်ငံသို့ မေလ ၅ ရက်မှ မေလ ၁၀ ရက်ထိ ခြောက်ရက်ကြာခရီးစဉ်တွင် ပထမဆုံးခရီးတစ်ထောက်အဖြစ် ပြင်သစ်နိုင်ငံသို့ မေလ ၅ ရက်က ရောက်ရှိလာခဲ့ရာ ပြင်သစ်ပြည်သူများနှင့်အတူ ပြင်သစ်နိုင်ငံရောက် တရုတ်လူမျိုးများကပါ ၎င်းအား ကြိုဆိုခဲ့ကြကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ံငံနှင့် ပြင်သစ်နိုင်ငံတို့သည် သမိုင်း၏မီးရှုးမီးတိုင်ဖြင့် ရှေ့သို့ပိုမိုထွန်းတောက်လာမည့်အနာဂတ်ကို ဆောင်ရွက်နိုင်ကြမည်ဟုမျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံအကြား ပို၍ တိုးတက်ကောင်းမွန်မည့် ဆက်ဆံရေးကိုဖွင့်လှစ်ကာ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီမှုအသစ်များကိုလည်း ပြုလုပ်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြင်သစ်နိုင်ငံသို့အရောက်တွင် ပြောကြားခဲ့သည်။

၎င်း၏ချစ်ကြည်ရေးခရီးစဉ်က ကြာရှည်လှပြီဖြစ်သော တရုတ်-ပြင်သစ် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာမှုရှိစေရန်၊ နိုင်ငံရေးအရ ယုံကြည်အားထားမှုရှိစေရန်၊ မဟာဗျူဟာမြောက်သော အများသဘောဆန္ဒနှင့် နယ်ပယ်ပေါင်းစုံတွင် အပြန်အလှန်ဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်သွားနိုင်ရန် မျှော်လင့်ပါကြောင်းလည်း ပြောခဲ့သည်။ ထို့ပြင် ပြင်သစ်နိုင်ငံသို့ သမ္မတမက်ခရွန်၏ဖိတ်ကြားချက်အရ တတိယမြောက်နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်နိုင်ခြင်းအတွက် များစွာဝမ်းသာကြည်နူးမိကြောင်း ရှီက ဆိုခဲ့သည်။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်နှင့် ၅၅ နှစ်ပြည့်မြောက်သော ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင်လည်း သမ္မတရှီ ပြင်သစ်နိုင်ငံသို့လာရောက်ခဲ့ပြီး ယခုအချိန်မှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အချိန်တွင် လာရောက်ခြင်းလည်းဖြစ်သည်။

ပြင်သစ်နိုင်ငံမှသည် ဆာဘီးယားနှင့် ဟန်ဂေရီနိုင်ငံများသို့ သမ္မတရှီကျင့်ဖိန်က ဆက်လက်သွားရောက်မည်ဟုသိရသည်။

Ref-Xinhua

Leave a Reply

Your email address will not be published. Required fields are marked *

Related News