၆.၅.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ ဘဝသစ်စီမံကိန်း၊ အိုင်ကလောင်အကျဉ်းစခန်းနောက်ကြောတွင် လယ်ထွန်ရန် သစ်ပင်အောက်တွင် စောင့်ဆိုင်းနေသည့် အမျိုးသားနှစ်ဦး မေလ ၅ ရက် ညနေပိုင်းက မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ထိုဖြစ်စဥ်တွင် မေလ ၅ ရက် ညနေ ၄ နာရီအချိန်ဝန်းကျင်က မိုးများရွာသွန်း၍ လေပြင်းများတိုက်ခိုက်နေသောကြောင့် သစ်ပင်အောက်၌ နားနေစဥ်အတွင်း မိုးကြိုးပစ်ခတ်ခံရ၍ အခင်းဖြစ်နေရာ၌ပင် နှစ်ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

“သစ်ပင်အောက်မှာ အမျိုးသားနှစ်ယောက် မိုးကြိုးပစ်ခံရတာဟုတ်ပါတယ်။ သူတို့က လယ်ထွန်ဖို့ သစ်ပင်အောက်မှာ စောင့်နေတာ။ မိုးတွေရွာ လျှပ်စီးတွေလည်း လက်နေတာ။ အဲ့ဒီအချိန်မှာ အမျိုးသားနှစ်ယောက် အပစ်ခံရတာ။ သူတို့နှစ်ယောက်က လယ်ပိုင်ရှင်တွေ” ဟု ဖြစ်စဥ်ဖြစ်ပွားရာအနီးတွင် နေထိုင်သည့် ပြည်သူတစ်ဦးက MT News သို့ဖြေကြားသည်။

မိုးကြိုးပစ်ခံရသည့် အမျိုးသားနှစ်ဦးမှာ ပဉ္စာလှရွာတွင် နေထိုင်သည့် အသက်( ၄၄) နှစ်အရွယ် ဦးသန်းနိုင်ဦးနှင့် ဥက္ကံကံကုန်းကျေးရွာတွင် နေထိုင်သည့် အသက် (၂၄) နှစ်အရွယ် ဦးထက်လင်းနိုင်တို့ဖြစ်ကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *