၆.၅.၂၀၂၄
Written By Thandar

Htet Video Production က ထုတ်လုပ်မဲ့ စိတ်ဝင်စားစရာ ရသစုံပေးစွမ်းနိုင်မယ့် “အဆိပ်မဲ့ ဆူး” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်လေးကို စပြီးရေးရင်းကနေ Mini Series ပုံစံလေး ရိုက်ဖြစ်တာပါ။ အဆိပ်မဲ့ ဆူးဆိုတဲ့အတိုင်း အဆိပ်မဲ့တဲ့ဆူးလေး တစ်ချောင်းကနေပြီးတော့ လူငယ်တွေလည်း လူငယ်တွေ ဘဝပျက်သွားနိုင်တယ်။ လူကြီးတွေဆိုလည်း ကိုယ့်တွေရဲ့ မျှော် လင့်ချက်တွေ ရည်မှန်းချက်တွေ ပျက်စီးသွားနိုင်လောက်တယ် မထင်မှတ်တဲ့အရာတွေ မြင်ရမယ်။ သမားရိုးကျဇာတ်လေး မဟုတ်ပါဘူး။ ဇာတ်ဝင်ခန်း တစ်ဆင်းန်ကျော်သွားရင် နောက်အခန်းပြန်ပေါင်းကြည့်ဖို့ နားလည်မှာ မဟုတ်ပါဘူး။ ဒီဇာတ်လေးကလေ ဇာတ်ကားတစ်ခုမှာတော့ ကိုယ့်ကြိုက်တဲ့ကား တစ်ကားဖြစ်ဖို့အရေးကြီးတယ်။ ဒါမှလည်း ပရိသတ်ကကြိုက်မှာဆိုတော့ ဒီအပေါ်မူတည်ပြီး ရိုက်ကူးတင်ဆက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဇာတ်ကားထွက်လာရင်လည်း ဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ဒါရိုက်တာ နေထက်ဇာန်က ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်လမ်း Alpha၊ ဇာတ်ညွှန်း Alpha၊ ဓနုတ်ကိုကိုဇော်တို့က ရေးသားပြီးတော့ ဒါရိုက်တာနေထက်ဇာန်က အပိုင်း ၁၄ ပိုင်းစာကို မေလ ၉ ရက်မှာ စတင်ရိုက်ကူးပြီး ရန်ကုန်၊ လှည်းကူးတို့ဘက်မှာ ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ဇာတိ၊ ဂျွန်နိုင်းအောင်၊ ဖြိုးမွန်၊ မင်းသူ၊ ဇော်ဝင်းနိုင်၊ သားလျှံဧ၊ နေအောင်လွင်၊ ဦးဇော်မှိုင်း၊ စိုးမိုးကြည်၊ အကယ်ဒမီခင်မို့မို့အေး၊ သန်းသန်းစိုး၊ ယွန်းသဒ္ဒါဟန်၊ အိရွှန်းမဒီ၊ အေးစန္ဒာချစ်၊ ကေဇင်ချို၊ ဇူဇူပန်ဇင်၊ ဇိုင်းထက်၊ ကလေးသရုပ်ဆောင် ကောင်းခန့်ကိုကို၊ မိုးပြည့်ရတီ၊ အိမ့်ထည်ဝါ စတဲ့သူတွေ ပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *