၆.၅.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဒုတိယလမ်းမတော်နှင့် ရုပ်ရှင်ရုံလမ်းကြား၊ သာသနာ့ဗိမာန်ရှေ့လမ်းတွင် ရပ်ထားသည့် အိမ်စီးကားတစ်စီးကို အမည်မသိလူတစ်စုမှ ကား၏နောက်မှန်အားခွဲပြီး ထိုကားအတွင်းရှိ ငွေကျပ် ၁၀ သိန်းကို ယူဆောင်သွားကြောင်း သိရသည်။

မေလ ၅ ရက် ည ၉ နာရီအချိန်ခန့်တွင် အမျိုးသားတစ်ဦးမှ ၎င်း၏မော်တော်ယာဥ်ကို သာသနာ့ဗိမာန်ရှေ့လမ်း၌ရပ်ထားပြီး ထိုအနီးရှိအရက်ဆိုင်တွင် အရက်သောက်ကာ အထက်ပါမြို့လယ်ခေါင်နေရာရပ်ထားသော မော်တော်ယာဥ်ဆီသို့ပြန်လာစဥ် ၎င်း၏ကားမှန်ရိုက်ခွဲခံထားရသည်ကို သိရှိခဲ့ကြောင်း သိရသည်။

“အရက်ဆိုင်နဲ့ ကားထားတဲ့နေရာနဲ့က နည်းနည်းဝေးတယ်။ ကားနောက်မှန်ကို ခွဲပြီးပိုက်ဆံယူသွားတာ။ ငွေ ၁၀ သိန်းပါသွားတယ်”ဟု ထိုဖြစ်စဥ်သိရှိသည့် မိတ္ထီလာမြို့တွင် နေထိုင်သူတစ်ဦးက MT News သို့ ဖြေကြားသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *