၅.၅.၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊ (၃)လမ်းဆုံမီးပွိုင့်အနီးမှာ လမ်းကူးနေသူအမျိုးသားကို YBS (92) က တိုက်ပြေးသွားခဲ့တဲ့အတွက် အဆိုပါအမျိုးသားနေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မေလ ၆ ရက် မနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ယာဥ်တိုက်ခံရတဲ့ အမျိုးသားက ဘယ်သူဘယ်ဝါဖြစ်ပြီး ဘယ်အရပ်နေထိုင်သူဆိုတာကို စုံစမ်းနေဆဲဖြစ်ကာ တိုက်မိတဲ့ ဖြစ်စဥ်က မြောက်ဥက္ကလာကနေ ထောက်ကြံ့ဘက် လားရာကိုမောင်းနှင်လာတဲ့ အမှတ် ၉၂ မီနီဘတ်ယာဉ်က ၃ လမ်းဆုံမီးပွိုင့်မှာ လမ်းဖြတ်ကူးလာတဲ့ အမျိုးသားကို တိုက်မိကာ လူက ကားအောက်ချိတ်ဆွဲပြီး တစ်မှတ်တိုင်နီးပါး ပါလာခဲ့တာလို့ သိရပါတယ်။

မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက “သုံးလမ်းဆုံ ပွိုင့်အကျော်ကနေ တိုက်မိပြီး လူက ချိတ်ပါလာတာ။ အလယ်ပေါက် မှတ်တိုင်နားမှာ ပြုတ်ကျခဲ့တာ။ ကားက ဆက်ပြီးမောင်းပြေးသွားတာကို တာဝန်သိပြည်သူတွေက ဝိုင်းလိုက်ပြီး ဖမ်းဆီးတော့ ပုလဲလမ်းဆုံမှာ ယာဥ်ရော ယာဥ်မောင်းရော မိတယ်”လို့ MT News က စုံစမ်းမေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

အတိုက်ခံရသူအမျိုးသားမှာ ဦးခေါင်းပွင့်ထွက် ရုပ်ပျက်ကာ နေရာတင်သေဆုံးသွားခဲ့တဲ့အတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က မေဓာဝီဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *