၅. ၅. ၂၀၂၄
Written by Thettant

ကျောက်မဲမြို့နယ်၊ ချောင်းချောက်အုပ်စု၊ နောင်အန်းကျေးရွာမှာ နေ့လည်(၁၁)နာရီခွဲဝန်းကျင်အချိန်က မန္တလေးက တက်လာတဲ့ ခရီးသည်တင်ကားတစ်စီးဟာ နောင်အန်းကျေးရွာအရောက် နတ်စင်အနီးက လယ်ကွင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီနေ့ထုတ်ပြန်ထားပါတယ်။

ကားတိမ်းမှောက်မှုဖြစ်ပွားတာကြောင့် ကားအတွင်းလိုက်ပါလာတဲ့ ခရီးသည် (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သူ (၈)ဦးအနက် (၂)ဦး ဒဏ်ရာပြင်းထန်တယ်လို့ ကူညီပေးခဲ့တဲ့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းထံက သိရပါတယ်။

ကားတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို နမ့်ခုံးရှမ်းများ ပရဟိတအသင်းက ကျောက်မဲဆေးရုံသို့ ကူညီပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *