၄. ၅. ၂၀၂၄
Written by Nay Moe

ဘူးသီးတောင်အထက်တန်းကျောင်းကို AA က ဒီနေ့မနက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဘင်္ဂါလီသုံးဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ FRC အဖွဲ့က ရိုနေဆန်းလွင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“မေလ (၄) ရက်နေ့ နံနက် ၁း၃၀ နာရီမှာ ဘူးသီးတောင်မြို့နယ် အမှတ် (၁) အထက်တန်းကျောင်းကို ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂါလီအရပ်သား (မူရင်း ရိုဟင်ဂျာဟုရေးထား) ၃ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်။ အဲဒီကျောင်းမှာ ဦးလှဖေ၊ သိန်တောင်နဲ့ ရွက်ညိုတောင်ရွာများက ရိုဟင်ဂျာတွေ ယာယီခိုလှုံနေကြတာပါ။ သေဆုံးသွားသူ ၃ ဦးကတော့ ရွက်ညိုတောင်ရွာက ဖြစ်တယ်။ သတင်းရင်းမြစ်တွေကတော့ Arakan Army (AA) အေအေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်”လို့ ရိကနေဆန်းလွင်က သူအသုံးပြုတဲ့ လူမှုကွန်ရက်တွေမှာ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ဖြန့်ဝေထားပါတယ်။

AA ဟာ ဘင်္ဂါလီတွေကို လူကုန်ကူးတာ၊ စစ်သားစုဆောင်းတာ၊ ဖမ်းဆီးသတ်ဖြတ်တာကြောင့် ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်တယ်လို့ပြောဆိုခံနေရသလို ပြီးခဲ့တဲ့လထဲကလည်း မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက ဘင်္ဂါလီရွာသား ၅ ယောက်ကို ဧပြီလ ၁၇ ရက်နေ့မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ AA ဖမ်းဆီးသွားတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားအချို့က တွေ့ခဲ့ပြီး AA က သတ်ဖြတ်လိုက်တယ်လို့ FRC အဖွဲ့က ရိုနေဆန်းလွင်က ပြောပါတယ်။

AA က သတ်ဖြတ်တာခံရတဲ့ ဘင်္ဂလီငါးယောက်က မော်လဝီ- ဆော်အိဒ်၊ အဒုလ်အာမိန်၊ အာဘုလ်ကာလာမ်၊ အီဆာလာမ်နဲ့ အာယာစ်တို့ဖြစ်ပြီး ရိုနေဆန်းလွင်က ဒီ ငါးယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်တာလို့ပြောပေမဲ့ AA ပြောခွင့်ရ ခိုင်သုခကတော့ ဒီဒေသက ARA၊ ARSA၊ RSO နဲ့ တခြားမူးယစ်ဂိုဏ်းတွေလက်ချက်လို့ ငြင်းပါတယ်။

ဒါပေမဲ့ ရိုနေဆန်းလွင်ကတော့ ဒီဘင်္ဂါလီငါးယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်တာသာဖြစ်ပြီး အခင်းဖြစ်နေရာဟာ AA လက်နက်ကိုင်ထိန်းချုပ်ထားတဲ့နေရာသာဖြစ်လို့ ဘယ်သူမှဝင်မရဘူးဆိုတာနဲ့ လက်နက်ကိုင်တွေကတော့ ဒီလိုစစ်ရာဇဝတ်မှုတွေ ဝန်ခံလေ့မရှိဘူးလို့လည်း ခိုင်သုခရဲ့ငြင်းဆိုမှုကို့ တုံ့ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *