၄.၅.၂၀၂၄
Written By Thandar

နိုင်ငံတကာပညာ‌ရေးအခွင့်အလမ်းတွေ ဖော်ဆောင်ပေးမယ့် ဒုတိယမြောက် 𝐂𝐄𝐍𝐓𝐑𝐀𝐋 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ကျောင်းသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မေလ ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ပါရမီလမ်းရှိ Parami Campus No. 105 (A) မှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

“ဒီနေ့ i Central ရဲ့ ဒုတိယကျောင်း Campus စဖွင့်တဲ့အခမ်းအနားပါ။ ပထမတစ်ကျောင်းကတော့ အင်းစိန်ပေါက်တောဝမှာ ၂၀၂၃ ခုနှစ်မှာ စ Run ပါတယ်။ ဒီနှစ်မှာတော့ ၂၀ ၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက်ဆိုပြီး ဒုတိယမြောက်ကျောင်း စဖွင့်ပေးတာပါ။ International School ပြောလိုက်ရင် မြန်မာနိုင်ငံက ၃ မျိုး ၄ မျိုးကြားမှာ ရှိတယ်။ တချို့ကတော့ တခြားကျောင်းတွေက ပြောင်းလာကြတဲ့ ကျောင်းသားတွေလည်း ရှိတယ်။ Cambridge သင်ရိုးညွှန်းတန်းနဲ့ သွားတဲ့ကျောင်း ၁၀၀ ရာခိုင်နှုန်း Support လုပ်တဲ့ ကျောင်းပါ။ ကျောင်းသင်ကြားရေးစနစ်တွေ ၂၁ ရာစုမှာ လိုအပ်တဲ့ ဘာသာစကားတွေဖြစ်တဲ့ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ဂီတ၊ အနုပညာ ကမ္ဘာတလွှားပညာရပ်ကို ဝင်ဆန့်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးမယ့် ကျောင်းပါ။ ဒီကျောင်းက ပြည်ပနိုင်ငံတွေ ပညာရေးမျိုးဖြစ်အောင် US၊ ထိုင်း၊ မလေးရှား စတဲ့ အဆင့်မြင့်တက္ကသိုလ်တွေ တက်ရောက်နိုင်ဖို့ ချိတ်ဆက်ထားပါတယ်” လို့ i Central group CEO ဦးအောင်မြတ်ခိုင်က MT Entertainment ကို ပြောပါတယ်။

အဆိုပါအခမ်းအနားမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်အတွက် နိုင်ငံတကာပညာရေးဆိုင်ရာ အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ 𝐏𝐫𝐞-𝐬𝐜𝐡𝐨𝐨𝐥 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကနေ 𝐏𝐫𝐞-𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေအထိ သိလိုသမျှအကြောင်းအရာတွေကို ကျွမ်းကျင်ဆရာ၊ ဆရာမတွေနဲ့ အတူဆွေးနွေး အကြံဉာဏ်တွေပေးခြင်း၊ ကျောင်းသား၊ ‌ကျောင်းသူတွေနဲ့ မိဘတွေက 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐜𝐞𝐬𝐬 တွေအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ 𝐂𝐄𝐍𝐓𝐑𝐀𝐋 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေက 𝐂𝐈𝐒 𝐓𝐡𝐞𝐦𝐞 𝐒𝐨𝐧𝐠 နဲ့ ကပြဖျော်ဖြေတင်ဆက်ခဲ့သလို 𝐒𝐜𝐡𝐨𝐨𝐥 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐚𝐥 နဲ့ တကွ တာဝန်ရှိသူတွေက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

“အခုချိန်မှာ ပညာရေးနဲ့ပတ်သက်လို့ ဘယ်အပြောင်းအလဲပဲလုပ်လုပ် ဘဝရှင်သန်ရေးပဲဖြစ်ဖြစ် ကိုယ့်ကလေးကို ပေးလို့ရတာ ပညာရေးဆိုတာ ကျိန်းသေတယ်။ မိဘတွေက ငါတို့မှာပေးစရာဆိုလို့ ပညာအမွေပဲရှိပါတယ် ပြောကြတာ ခုချိန်မှာ နားလည်လာတယ်။ အခက်အခဲတွေကြားထဲမှာ တည်မြဲတာဆိုလို့ ပညာရေးပဲရှိတယ်။ ကျောင်းအပ်တော့မယ်ဆိုရင် ကျောင်းရဲ့ အလှအပတရားတွေဆိုတာထက် ဒီကျောင်းက ဘယ်က အသိအမှတ်ပြုခံရတဲ့ကျောင်းလဲ၊ ဘယ်သူတွေသင်တာလဲ၊ ဘယ်လိုပုံစံနဲ့သင်တာလဲဆိုတာကို သေသေချာချာ ဆန်းစစ်ပြီးမှ ကျောင်းအပ်စေချင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေအပါအဝင် နိုင်ငံတကာ ပညာရေးလမ်းကြောင်းနဲ့ အခွင့်အလမ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းတွင်း 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 တွေ၊ 𝐄𝐱𝐭𝐫𝐚 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေနဲ့ ပတ်သက်ပြီး 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐋𝐢𝐟𝐞 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 တွေမျှဝေခြင်း၊ ကျောင်းသားမိဘတစ်ဦးချင်းစီဆီက သိလိုသမျှ မေးခွန်းတွေကို အသေးစိတ်ပြန်လည်ဖြေကြားခဲ့ပြီး အထူးအစီအစဉ်တစ်ရပ်အနေနဲ့ အလှမယ် အိမ့်မြတ်ခြယ် (𝐌𝐢𝐬𝐬 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 𝐌𝐚𝐰𝐥𝐚𝐦𝐲𝐢𝐧𝐞 𝟐𝟎𝟐𝟒)နဲ့ အလှမယ် မေသင်းကြည် (𝐌𝐫𝐬 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟐𝟎𝟐𝟐) က 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐆𝐫𝐨𝐨𝐦𝐢𝐧𝐠 𝐚𝐧𝐝 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *