၄.၅.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုရှိ ငမိုးရိပ်ချောင်းလက်တက်တွင် သူငယ်ချင်း ၅ ဦးနှင့်အတူ ရေဆင်းကူးသည့်လူငယ်တစ်ဦး ရေနစ်သေဆုံးမှု မေလ ၃ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

​ပေ ၄၀ ခန့်ကျယ်ပြီး ပေ ၂၀ ခန့်နက်သော ငမိုးရိပ်ချောင်းလက်တက်တွင် သူငယ်ချင်းများနှင့်အတူ လူငယ်တစ်ဦးမှာ ရေကူးရင်း ပျောက်ဆုံးခဲ့သည်ဟု သတင်းရရှိသဖြင့် လှည်းကူးမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် ၁၂ ဦးခန့်က ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရာ ရှာဖွေချိန် ၁ နာရီကျော်အကြာတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

ရေနစ်သေဆုံးသူမှာ အသက် ၁၈ နှစ်အရွယ် ကိုနိုင်းနိုင်းဝင်းဆိုသူဖြစ်ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒိတ်ကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို Medical လူငယ်များ လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်ဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *