၄. ၅. ၂၀၂၄
Written by Ye Kyaw

တောင်ဒဂုံမြို့နယ်တွင် တည်ဆောက်ထားသည့် အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် ၄ လုံး၊ အခန်း ၁၀၄ ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ဝယ်ယူရန်အတွက် အခန်းမဲနှိုက်ခွင့်ရရှိသူများ မေလ ၇ ရက်တွင် အခန်းမဲနှိုက်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားသည်။

CHID Bank တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ ပြည့်မီသူ ၂၂၉၃ ဦးအနက် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက်မှ မေလ ၃ ရက်အထိ စာရင်းပေးသွင်းသူ ၉၃၆ ဦးရှိသော်လည်း ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ စာရင်းပေးသွင်း လျှောက် ထားသူများအနက် CHID Bank ၏ တန်းစီဇယားအမှတ်စဉ် အစောဆုံး ၁၀၄ ဦးအား အခန်းမဲနှိုက်ခွင့် ပြုမည်ဖြစ်သည်။

ထို့ကြောင့် အခန်းမဲနှိုက်ခွင့်ရရှိသူ ၁၀၄ ဦး၏ အမည်စာရင်းနှင့် အချက်အလက်များအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် DUHD Sale Housing Facebook Page နှင့် Website တို့တွင် ထုတ်ပြန် ကြေညာပေးထားသည်။

အခန်းမဲနှိုက်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် မေလ ၇ ရက်တွင် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယအထပ် အစည်းအဝေးခန်းမ (အမှတ် ၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၌ ကျင်းပမည်ဖြစ်သည်။

အခန်းမဲနှိုက်ခွင့်ရရှိသူများအနေဖြင့် အခမ်းအနားသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားတက်ရောက်နိုင်ပြီး ကိုယ်စားတက်ရောက်ပါက ကိုယ်စားလှယ်လွှဲစာ၊ အခန်းမဲနှိုက်ခွင့်ရရှိသူ၏ မှတ်ပုံတင်မိတ္တူပါရှိရမည်ဖြစ်သည်။။

Leave a Reply

Your email address will not be published. Required fields are marked *