၂.၅.၂၀၂၄
Translated by Htwe Ko Tun

ဟောင်ကောင်ကျွန်းတွင် ဧပြီလ ၃၀ ရက် ည ၉ နာရီမှစ၍ မေလ ၁ ရက် နံ့နက်အထိ ၁၄ နာရီကြာ အချိန်အတွင်း ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခိုက်မှုနှင့်အတူ ကောင်းကင်မှ မြေပြင်သို့ လျှပ်စီးလက် မိုးခြိမ်းမှုများ ၉,၄၃၇ ကြိမ်ဖြစ်ခဲ့ကြောင်း သိရသည်။

နက္ခတ်တာရာကြည့်မျှော်စင်မှ လေ့လာချက်များအရ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူမိုးသက်မုန်တိုင်းများက အလုပ် သမားနေ့ အားလပ်ရက်၏ နံနက်အထိ ဆက်လက်ဖြစ်ပေါ်ကာ အရှေ့မြောက်ဘက်သို့ လေပြင်းများတိုက်ခဲ့သည်ဟု သိရသည်။

ဟောင်ကောင်လေဆိပ်တွင်လည်း လေယာဉ်အတက်အဆင်းများမလုပ်နိုင်ဘဲ နှောင့်နှေးခဲ့ရကာ ဧပြီလ ၃၀ ရက် ညနေမှစ၍ ဆင်းသက်မည့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းလေယာဉ်များမှာ လမ်းကြောင်းပြောင်းမောင်းခဲ့ကြသည်။

တရုတ်နိုင်ငံတွင် Golden Week အားလပ်ရက်သတ္တပတ်စတင်၍ ဟောင်ကောင်ကျွန်းသို့ ခရီးသည်များ စတင်ဝင်ရောက် လာတော့မည့်အချိန်၌ ဟောင်ကောင်တွင် ဤကဲ့သို့ ရာသီဥတုအပြောင်းအလဲများဖြစ်ရခြင်းဖြစ်သည်။

Ref- HKFP

Leave a Reply

Your email address will not be published. Required fields are marked *