၂. ၅. ၂၀၂၄
Written by Nay Moe

TNLA သိမ်းထားတဲ့ တပ်စခန်းတစ်ခုအတွင်း မွေးနေ့ပွဲပါတီတစ်ခုမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA က တားမြစ်ကန့်သတ်ထားတဲ့ မြန်မာဘီယာကို ‌ဝယ်ယူသောက်သုံးခဲ့တဲ့တပ်ဖွဲ့ဝင်တွေကို TNLA က အပြစ်ပေးအရေးယူခဲ့သည်တယ်လို့ ကြေညာထားပါတယ်။

PSLF/TNLA ဟာ တပ်မတော်ရဲ့ဝင်ငွေလမ်းကြောင်းဖြတ်တောက်ဖို့ တပ်မတော်နဲ့ဆက်နွှယ်တဲ့ ထုတ်ကုန်တွေ ရောင်းဝယ်စားသုံးတာ မပြုလုပ်ဖို့နဲ့ ဒီထုတ်ကုန်တွေကို ဖျက်ဆီးနေချိန်မှာ TNLA တပ်ဖွဲ့ဝင်တွေကတော့ မြန်မာဘီယာဝယ်သောက်ပြီး Facebook ပေါ်တင်ခဲ့တာကြောင့် မေလ ၂ ရက်နေ့မှာ စုံခုံစစ်ပြီး မြန်မာဘီယာ ဝယ်ယူသောက်သုံးနေသူတွေကို ကြိမ်ဒဏ် (၁၀)ချက်၊ အလုပ်ကြမ်း (၁)လ နဲ့ လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်ပြောပါတယ်။

လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ပုံတွေအရ လွေးသင်ဇာဝင်းဆိုတဲ့ အမျိုးသမီးရဲမေတစ်ဦးရဲ့ မွေးနေ့မှာ TNLA ရဲဘော် အယောက် ၂၀ လောက်က မြန်မာဘီယာသောက်နေကြတာဖြစ်ပြီး TNLA ရဲ့ထုတ်ပြန်ချက်မှာတော့ မြန်မာဘီယာတွေ ဝယ်သောက်တယ်လို့ပါပေမဲ့ ပြည်သူတွေကတော့ သူတို့ရောင်းချနေတဲ့ မြန်မာဘီယာတွေကို Boycott ထုတ်ကုန်ဆိုပြီး သိမ်းယူပြီးမှ ဖျက်ဆီးမပစ်ဘဲ သောက်နေကြတာလို့ မှတ်ချက်ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *