၂. ၅. ၂၀၂၄
Written by Nay Moe

KNU တပ်မဟာ (၃) တပ်ရင်း (၈) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဧရာဝတီအင်အားစု PDF အဖွဲ့က စနိုက်ပါ Chris Melvin ဟာ ဧပြီ ၃၀ ရက်က ရှေ့တန်းမှာ သေဆုံးသွားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုသိမ်ခရိုင်၊ တပ်ရင်း (၁)၊ တပ်ခွဲ (၄) ဧရာဝတီအင်အားစုက Sniper တပ်သား ရဲဘော် Chris Melvin ကိုယ်ပိုင်အမှတ် (P25501 196) ဟာ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၂)၊ KNU တပ်မဟာ(၃) တပ်ရင်း(၈)မှာ တာ၀န်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မျက်နှာမှာ ဧပြီလ (၃၀)ရက်နေ့က သေဆုံးသွားတာပါ။

“ရာသီဥတုကြောင့် ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး ဆုံးသွားတာ”လို့လည်း နီးစပ်တဲ့ PDF တစ်ဦးက ဆိုပါတယ်။

စနိုက်ပါ Chris Melvin ဟာ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရက်ကွက်နေထိုင်ခဲ့တဲ့ ကျော်ဇောလင်းဆိုသူဖြစ်ပြီး သူ့အစ်ကို ဝင်းထွဋ်ကြိုင်ကလည်း လက်နက်ကိုင် PDF တစ်ဦးဖြစ်သလို သူတို့နှစ်ယောက်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက မိဘတွေနဲ့မပတ်သက်တော့ဘူးလို့ ကြေညာထားသူတွေဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *