၂.၅.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း၊ ၁၃၅ လမ်းနှင့် ၁၃၆ လမ်းအကြားတွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို လူတစ်စုမှရိုက်နှက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ်တို့ လုယက်ယူဆောင်သွားကြောင်း သိရသည်။

မေလ ၁ ရက် ည ၁၂ နာရီအချိန်တွင် ၁၃၅ လမ်းနှင့် ၁၃၅ လမ်းကြားတွင် ရိုက်နှက်ခံရမူကြောင့် သတိလစ်နေသည့် အမျိုးသားကို လောကပါလလူမှုကူညီရေးအသင်းမှ လူနာအား မန္တလေးဆေးရုံကြီး OPD သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ခေါင်းအရိုက်ခံရတာ။ ခေါင်းမှာသွေးတွေတော်တော်ထွက်တယ်။ အရိုက်ခံရတဲ့သူက မိုးတော်တော်ချုပ်နေပြီ။ ဖုန်းနဲ့ပိုက်ဆံအိတ်တော့ ပါသွားတယ်။ သူကလမ်းလျှောက်ပြီး ပြန်လာတာ”ဟု ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် ပြည်သူတစ်ဦးက MT News သို့ ဖြေကြားသည်။

အမည်မသိလူတစ်စု၏လုယက်ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသည့် အမျိုးသားမှာလက်ရှိအချိန်တွင် မန္တလေးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *