၁. ၅. ၂၀၂၄
Written by Tha Doe

တစ်ပါးနေစံကျောင်းတော်နဲ့သီးသန့်စံမြန်းပြီး တရားအားထုတ်နေရင်း ၂၀၂၄ ခုနှစ် ဧပြီ ၃၀ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန် သက်တော် ၈၃ နှစ်၊ ဝါတော် ၄၅ ဝါမှာ ဘဝနတ်ထံစံမြန်းသွားခဲ့တဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်ကို မီးပူဇော်မှာမဟုတ်ဘဲ စံကျောင်းတော်နဲ့ ပကတိအတိုင်းပူဇော်ထားမယ်လို့ ဆရာတော်ဘုရားကြီးရဲ့ တပည့်သာဝကသံဃာတော်တွေက ဒီနေ့မှာ အသိပေးထားပါတယ်။

မဟာဗောဓိမြိုင် ဆရာတော်ကြီးဘဒ္ဒန္တဉေယျဓမ္မသာမိမဟာထေရ်ဟာ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာအရှေ့ ဉေယျဓမ်တောရ စံကျောင်းတော်အတွင်း တစ်ဘဝတစ်ခန္ဓာချုပ်ငြိမ်းတော်မူခဲ့တာဖြစ်ပြီး ရွှေနှစ်တောရမှာ ဆရာတော်ဘုရားကြီးကိုယ်တိုင် ရေးခဲ့တဲ့ သေတမ်းစာနဲ့ တာဝန်ရှိတပည့်သာဝကတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆရာတော်ဘုရားကြီးရဲ့ ကျန်ရစ်တဲ့ ဥတုဇရုပ်ကလာပ်တော်ကို မီးမပူဇော်ဘဲ ပကတိအတိုင်း အပူဇော်ခံ ထားရှိမှာဖြစ်ပါတယ်။

“ဆရာတော်ကြီး ရုပ်ကလာပ်တော်ကို မီး မပူဇော်ပါ…စွန်းလွန်းဆရာတော်ကြီးကဲ့သို့ စံကျောင်းတော်ဖြင့် ပကတိအတိုင်း ပူဇော်ထားမှာဖြစ်ပါတယ်။ ဆရာတော်ကြီး ရွှေနှစ်မှာ သီတင်းသုံးစဉ် ကတည်းက ကိုယ်တိုင်ရေး သေတမ်းစာထဲမှာ ရေးသားထားခဲ့ခြင်းဖြစ်ပါတယ်…”လို့ ဆရာတော်ဘုရားကြီးတည်ထောင်တဲ့ နတ်တလူသာသနာပြုစခန်းရဲ့ ကမ္မဌာနာစရိယ ဆရာတော်အရှင်ဇဋိလာလင်္ကာရဘိဝံသကလည်း လူမှုကွန်ရက်မှာ ဒီနေ့ အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *