၁. ၅. ၂၀၂၄
Writen by Nay Moe

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့ကို လေးလကျော်တိုက်ခိုက်အပြီးမှာ သိမ်းပိုက်နိုင်ပြီလို့ ဒီနေ့မှာ ချင်းလက်နက်ကိုင်တွေက ထုတ်ပြန်လာပါတယ်။

မနှစ်က ဒီဇင်ဘာ ၂၂ ရက်က စတင်ပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့က တပ်စခန်းကို နယ်မြေခံ CDF-ကန်ပက်လက်နဲ့အခြား CDF ပူးပေါင်းတပ်၊ PDF တပ်တွေက စတင်ခိုက်ခဲ့ပြီး သုံးလကြာတဲ့အထိ သိမ်းမရဖြစ်ခဲ့တာပါ။

ဒါကြောင့် မတ်လ ၇ ရက်မှာ ချင်းညီနောင်စစ်ဆင်ရေးလို့ အမည်ပြောင်းပြီး AA အကူအညီရယူခဲ့သလို PDF၊ YDF၊ GZA၊ LPDF တွေအကူအညီနဲ့ပါ အင်အားအလွန်အကျွံသုံးဆက်လက်တိုက်ခိုက်ချိန်မှ ၂၀၂၄ ခုနှစ် ဧပြီ ၂၉ ရက်နေ့ မနက် ၉ နာရီ ၃၀ နာရီအချိန်မှာ ကျင်ဒွေးမြို့စစ်စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိတယ်​ပြောပါတယ်။

၄ လ ကျော်ကြာမြင့်တဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ချင်း၊ ရခိုင်၊ ယော၊ PDF၊ LPDF တွေဘက်က အသက်နဲ့ ခန္ဓာကိုယ်ထိခိုက်ဆုံးရှုံးတာတွေလည်းရှိတယ်လို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) တို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News