ဓာတ်ပုံ - ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

၁.၅.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဘုရားပြိုမြောက်ရွာတွင် ထင်းမီးမှတစ်ဆင့် မီးလောင်ရာက နေအိမ် ၃ လုံး၊ နွား တင်းကုတ် ၂ လုံးနှင့်ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကို မေလ ၁ ရက် နံနက် ၃ နာရီ ၁၇ မိနစ်အချိန်တွင် မီးလောင်ကြောင်း သတင်းရရှိသောကြောင့် ဒေသခံလူမှုကူညီရေးအသင်းနှင့် မီးသတ်ဌာနတို့မှ မီးငြိမ်းသတ်ရာ ၃ နာရီခွဲအချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“ထင်းမီးကနေ လောင်တာ။ နေအိမ် ၃ လုံးလောင်တယ်။ နွားတင်းကုတ် ၂ လုံး နဲ့ ဆိုင်ကယ် ၁ စီးတို့လောင်သွားတယ်။ လူတွေတော့ ဘာမှမဖြစ်ဘူး”ဟု မြေပြင်သွားရောက်ကူညီသည့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT New သို့ဖြေကြားသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်မှ မီးပေါ့ဆသူများကို တာဝန်ရှိသူများမှ အရေးယူရန် စစ်ဆေးနေကြောင်း သိရသည်။

ဓာတ်ပုံ – ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Related News