၃၀.၄.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သင်္ဂဇာချောင်းအတွင်း ပုပ်ပွပြီးသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၃၀ ရက် နံနက် ၈ နာရီအချိန်တွင် အနီးအနားရှိပြည်သူများမှ အပုပ်နံ့ရသောကြောင့် လိုက်လံရှာဖွေရာ သင်္ဂဇာချောင်း အနောက်ဘက်တွင် အမှိုက်များဖြင့်ဖုံးလွှမ်းထားသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“အကောင်တွေတောင်ထွက်နေပြီ။ ခန့်မှန်းခြေအရ ၃ ရက်ခန့်လောက်ရှိနေပြီ” ဟု အလောင်းအားသွားရောက်သယ်ဆောင်ရှင်းလင်းသည့် မဏီစလ လူမှု/နာမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

လက်ရှိအချိန်တွင် ထိုအလောင်းမှာပိုင်ရှင်မဲ့ဖြစ်နေပြီး ရုပ်အလောင်းကို မန္တလေးပြည်သူဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ -မဏီစလ လူမှု/နာမူကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *

Related News