၂၉. ၄. ၂၀၂၄
Written by Nyein Kyaw

လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မြန်မာကျပ်ငွေအတုများ ရောင်းဝယ်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ပြန်လည်ဖြေကြားထားသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ငွေအစစ် ကျပ်ငါးသောင်းဖိုးဝယ်လျှင် ငွေအတု ကျပ်ငါးသိန်းဖိုးအထိ ရရှိနိုင်မည်ဆိုကာ ငွေအတုများကို ရောင်းဝယ်ဖောက်ကားနေမှုများနှင့် ပတ်သက်ပြီး မီဒီယာများက မေးမြန်းမှုအပေါ် SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က “မြန်မာနိုင်ငံရဲ့တပ်ဖွဲ့အနေဖြင့် စုံစမ်းဖော်ထုတ် အရေးယူလျက်ရှိပါသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ငွေအတုရောင်းချနေသူများသည် “အကြွေးတွေ ဖြေရှင်းလို့ရမယ်၊ ဆိုင်ကယ်ဝယ်ရောင်းလုပ်မလား၊ ဈေးဝယ်မလား လိုသလိုအသုံးချတတ်ဖို့ပဲ လိုပါတယ်” ဟုဆိုကာ မြန်မာကျပ်ငွေအတု လိုချင်သည့်ပမာဏအတွက် ငွေအစစ်တန်ဖိုး ၁၀ ရာခိုင်နှုန်းသာ ပေးရခြင်းဖြစ်သည်။ ဥပမာ (ငွေအစစ်ကျပ်ငါးသောင်းပေးပါက ငွေအတု ကျပ်ငါးသိန်းအထိရရှိမည်ဖြစ်သည်။

အဆိုပါ ငွေအတုရောင်းဝယ်သူများသည် လူမှုကွန်ရက်အွန်လိုင်းတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်ကိုသာ ဆက်သွယ်ဝယ်ယူ၍ရပြီး လူကိုယ်တိုင် တွေ့ဆုံဝယ်ယူခွင့်မရကြောင်းနှင့် ဝန်ထမ်းများလစာထုတ်ချိန် လဆန်းရက်များနှင့် လကုန်ရက်များတွင် ငွေအတုရောင်းချသူများက ငွေအတုအရောင်းအဝယ် Post များကို အဓိထားတင်ပြီး ရောင်းချနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *