၂၉. ၄. ၂၀၂၄
Written by Nay Moe

ချင်းနဲ့ ရခိုင်စစ်မျက်နှာတွေမှာ ဒီရက်ပိုင်းတွေအတွင်း PDF လက်နက်ကိုင်တွေဘက်က ဒုတပ်ခွဲမှူးတစ်ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ စာရင်းတွေအရ ကလေးမြို့နယ်တွင်းကတိုက်ပွဲတစ်နေရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF_Zophai က (၂)ဦး နဲ့ Zophai Civil Defence Force (TCDF)က ဒုတပ်ခွဲမှူး(၁)ဦး သေဆုံးခဲ့တာဖြစ်ပြီး PDF_Zophai က တပ်ဖွဲ့ဝင်(၂) ဦးက Tv.Lalchhadama (Chhandama) အသက်(၁၉)နှစ်နဲ့ Tv.Vanlalringa(Maringa) အသက်(၁၇)နှစ်တို့ဟာ ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲမှာ သေဆုံးခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ Zophai Civil Defence Force (TCDF) တပ်ခွဲ(၁) ဒုတပ်ခွဲမှူး Lalthangsanga(Sangtea) တို့ တိုက်ပွဲမှာ သေဆုံးခဲ့တာပါ။

ဒါ့အပြင် ဧပြီ ၂၅ ရက်နေ့မှာပဲ အမ်းရိုးမစစ်မြေပြင်မှာ PIA (ပြည်သူ့လွတ်လပ်ရေးတပ်မတော်)က PDF ရဲဘော်သွင်ထူးအောင်(ခ)ဘိုင်အို သေဆုံးခဲ့သလို ဧပြီ ၁၀ ရက်နေ့ကလည်း ရဲဘော်ပါကညော(ခ)စောအောင်စိုးလင်း သေဆုံးထားပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကော့ကရိတ်အာရှလမ်းမပေါ် အောင်ဇေယျစစ်ဆင် ရေးကို ချောင်းမြောင်းတိုက်ခိုက်နေတဲ့ Cobra Column စစ်ကြောင်း PDF ရဲဘော်ဇင်ကိုဟာ အမှတ် (၅၅) တပ်မပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်မြေပြင်မှာ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ပုံစာ။ ချင်း၊ ရခိုင်၊ ကရင်စစ်မျက်နှာတွင် သေဆုံးခဲ့သည့် PDF များ ရှင်သန်စဉ်မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *