၂၉.၄.၂၀၂၄
Written by KL

ရန်ကုန်တိုင်း​ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာအရှေ့ပိုင်း၊ ငမိုးရိပ်ချောင်းကူးတံတား၌ အမျိုးသားတစ်ဦး အပူရှပ် ၍ သေဆုံးမှု ဧပြီလ ၂၈ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်ခန့်အရွယ်ရှိပြီး သေဆုံးသူ မည်သူမည်ဝါဖြစ်သည်နှင့် နေရပ်လိပ်စာကိုမူ မသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့တွေ့တော့ ကောင်လေးက တံတားပေါ်မှာလဲကျပြီး နေရာမှာတင် ဆုံးသွားတာ။ နေပူရှိန်ပြင်းလို့ အပူရှပ်ပြီး သေဆုံးသွားတဲ့ပုံစံပါပဲ။ ဘာဒဏ်ရာမှမရှိဘူး”ဟု ဆင်ဖုံကျေးရွာဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ကရုဏာရှင် နာရေးကူညီမှုအသင်း (လှည်းကူး)မှ အသင်းဝင်များက ပို့ဆောင်ကူညီခဲ့ကြောင်းသိရသည်။

ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းက နေအပူရှိန်ပြင်းမှုကြောင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ​ကန်သာရပ်ကွက် (စီ) အုပ်စု (၁၄)လမ်းနှင့် ငုရွှေဝါလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် သံဃာတစ်ပါး အပူရှပ်ကာ သတိလစ်မှုဖြစ်ပွားခဲ့ပြီး မကွေးမြို့၊ ပြည်တော်သာ(၁)လမ်းနေအိမ်တစ်လုံးမှ အပူရှပ်ကာ အမျိုးသားတစ်ဦး မူးလဲသတိလစ်မှုတို့ကို မြေပြင်လူမှုကူညီရေးအသင်းက မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *