၂၉.၄.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဖြိုးဝေတန်းလမ်းတွင် ကုန်တင်ကုန်ချအလုပ်လုပ်နေသည့် အမျိုးသားတစ်ဦး ရုတ် တရက်မူးလဲ၍ ဆေးရုံသို့တင်ပို့ရာ ဆေးရုံ၌ဆေးကုသရင်း သေဆုံးသွားကြောင်း သိရသည်။

ဧပြီလ ၂၈ ရက် ညနေ ၄ နာရီအချိန်တွင် ကုန်တင်ကုန်ချလုပ်ကိုင်သည့် အမျိုးသားတစ်ဦး မူးလဲသွားကြောင်း ဝန်ဇင်းလူငယ်အသင်းသို့ ဖုန်းဆက်အကြောင်းကြားသော​ကြောင့် ထိုအမျိုးသားကို မိတ္ထီလာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးကုသမှုခံယူစေသော်လည်း ည ၉ နာရီအချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

“အဲ့ဒီနေရာက သီးနှံပွဲရုံလေ။ သူက အဲ့ဒီမှာ သစ်သီးခြင်းတွေကို ထမ်းရတာ။ မူးလဲသွားတာ။ ပါးစပ်ကလည်း အန်တယ်။ကိုယ်တွေလည်း တော်တော်လေးပူနေတာ။ ရာသီဥတုကလည်း အရမ်းပူတာ။ ပြီးတော့ သူကအရက်လည်းသောက်ထားတယ်လို့ ပြောတယ်။ ဘာလို့သေတာလည်းဆိုတာကတော့ ဆေးစစ်လို့အဖြေထွက်မှသိရမှာ” ဟု ဝန်ဇင်းလူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

သေဆုံးသည့် အမျိုးသားမှာ အသက် (၄၀) ကျော်ရှိပြီး မိတ္ထီလာမြို့၊ လျှော်ဖြူကန်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ဝန်ဇင်းလူငယ်အသင်း

Leave a Reply

Your email address will not be published. Required fields are marked *