၂၉.၄.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၆) ရပ်ကွက်၊ စိန်သရဖူလမ်းနှင့် ဘုရင့်နောင်လမ်းကြားတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်တစ်ဦး တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဧပြီလ ၂၈ ရက် ညနေ ၄ နာရီအချိန်တွင် ဘုရင့်နောင်လမ်းသွယ်ဘေးရှိ ခြံစည်းရိုးနား စွန့်ပစ်ထားသည့် ကလေးငယ်ကို ပြည်သူများမှမြင်၍ တာဝန်ရှိသူများထံ ဆက်သွယ်ကာ ကလေးငယ်ကိုဥဿာမြို့သစ် (၇) ရပ်ကွက်၊ နတ်သျှင်နောင် (၃) လမ်းရှိ “ရင်ခွင်မဲ့သူများဆုံဆည်းရာ လူငယ်ဖွံ့ဖြိုးရေးကျောင်း”ကျောင်းထိုင်ဆရာတော်မှ တာဝန်ရှိသူများရှေ့မှောက် စာချုပ် စာတန်းများဖြင့် လက်မှတ်ရေးထိုး လက်ခံခဲ့ကြောင်း သိရသည်။

“ကလေးက ယောကျာ်းလေးပါ။ ဘယ်သူစွန့်ပစ်တာလဲတော့ မသိဘူး။ ကလေးကို လုံချည်အနှီးနဲ့ ပတ်ပေးထားတာ။ ကလေးမျက်နှာမှာတော့ အနီဖုလေးတွေရှိတယ်”ဟု ဥဿာမြို့သစ် (၆) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက MT News သို့ဖြေကြားသည်။

ပြီးခဲ့သည့် နှစ်ပိုင်းကလည်း တောင်ငူမြို့၊ (၁၈) ရပ်ကွက် စည်သူလမ်းဘေးတွင် မိခင်အရင်းမှ မွေးကင်းစကလေးငယ်ကို စွန့်ပစ်မှုလည်းရှိခဲ့သည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *