၂၉. ၄. ၂၀၂၄
Written by Ye Kyaw

ဒဂုံမြို့သစ်(‌တောင်ပိုင်း)မြို့နယ်တွင် တည်ဆောက်ထားသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို လာမည့် မေလအတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံအနီးတွင် အကောင် အထည်ဖော် တည်ဆောက်ထားသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့် တိုက် ၅၀ လုံး၏ အခန်းပေါင်း ၈၀၀ အနက် တိုက် ၄၈ လုံး၏ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများရရှိပြီးဖြစ်၍ အခန်းများတွင် လာမည့်မေလအတွင်း တပ်ဆင်သွားမည်ဖြစ်သည်။

ထို့ကြောင့် လာမည့်မေလအတွင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်ငှားရမ်းခွင့်အတွက် အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုက်အလိုက် ငွေပေးသွင်းရမည့်ရက်များကို ထပ်မံအသိပေးသွားမည်ဖြစ်သည်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *