၂၈. ၄. ၂၀၂၄
Written by Tha Doe

မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက ဘင်္ဂါလီရွာသား ၅ ယောက်ကို ဧပြီလ ၁၇ ရက်နေ့မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ AA ဖမ်းဆီးသွားတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားအချို့က တွေ့ခဲ့ပြီး AA က သတ်ဖြတ်လိုက်တယ်လို့ FRC အဖွဲ့က ရိုနေဆန်းလွင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ဒီလူတွေကို AA က ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ ရုပ်အလောင်းတွေကို ရွာသားတွေတွေ့ပေမယ့် သယ်ယူခွင့် မပေးလို့ သင်္ဂြိုဟ်ခွင့်လည်း မရခဲ့ဘူး။ ဒါကို AA က သူတို့နဲ့ မပတ်သက်ကြောင်း၊ သူတို့သတ်ဖြတ်တာ မဟုတ်ကြောင်း ငြင်းခဲ့တယ်။ အဲဒီရိုဟင်ဂျာရွာသား ၅ ယောက်ကို ဖမ်းဆီးတဲ့အချိန်မှာ မျက်စိနဲ့ မြင်တဲ့သက်သေတွေက ဖမ်းဆီးတဲ့အချိန်မှာ တပ်ဖွဲ့ဝင်ဘယ်နှစ်ဦးက ဘယ်လိုတွေပြောပြီး ဖမ်းဆီးခဲ့သလဲ၊ ဘယ်နေရာမှာ ဖမ်းတာလဲ ဆိုတာ ကျွန်တော့်ကို တိုက်ရိုက် ပြန်ပြောပြပါတယ်။ ကျွန်တော်က ကြားစကားနဲ့ အလုပ်မလုပ်ဘူး။ မျက်မြင်သက်သေ (သို့မဟုတ်) ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေနဲ့ စကားပြောပြီး၊ လိုအပ်ရင် ထပ်စုံစမ်းမှုတွေ လုပ်ပြီးမှ Public မှာပြောလေ့ရှိတယ်။ အပြစ်မဲ့ရွာသားတွေကို သတ်ဖြတ်တာက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ပါတယ်”လို့ ဘင်္ဂါလီလွတ်မြောက်ရေးလုပ်နေတဲ့ FRC ပူးတွဲတည်ထောင်သူရိုနေဆန်းလွင်က ပြောပါတယ်။

AA သတ်ဖြတ်ခံရတဲ့ ဘင်္ဂလီငါးယောက်က မော်လဝီ-ဆော်အိဒ်၊ အဒုလ်အာမိန်၊ အာဘုလ်ကာလာမ်၊ အီဆာလာမ်နဲ့ အာယာစ်တို့ဖြစ်ပြီး ရိုနေဆန်းလွင်က ဒီ ငါးယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်တာလို့ပြောပေမဲ့ AA ပြောခွင့်ရ ခိုင်သုခကတော့ ဒီဒေသက ARA၊ ARSA၊ RSO နဲ့ တခြားမူးယစ်ဂိုဏ်းတွေလက်ချက်လို့ ငြင်းပါတယ်။

ဒါပေမဲ့ ရိုနေဆန်းလွင်ကတော့ ဒီဘင်္ဂါလီငါးယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်တာသာဖြစ်ပြီး အခင်းဖြစ်နေရာဟာ AA လက်နက်ကိုင်ထိန်းချုပ်ထားတဲ့နေရာသာဖြစ်လို့ ဘယ်သူမှဝင်မရဘူးဆိုတာနဲ့ လက်နက်ကိုင်တွေကတော့ ဒီလိုစစ်ရာဇဝတ်မှုတွေ ဝန်ခံလေ့မရှိဘူးလို့လည်း လူမှုကွန်ရက်မှာ သူဒီနေ့မျှဝေထားတဲ့ရုပ်သံဖိုင်ထဲမှာ ခိုင်သုခရဲ့ငြင်းဆိုမှုကို့ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *