၂၈.၄.၂၀၂၄
Written By Thandar

ထိုင်းနိုင်ငံထုတ် MD Skincare Myanmar က ကိုသာဂိကို Brand Ambassador ခန့်အပ်ပွဲအခမ်းအနား ယနေ့ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

“ကျွန်တော်က မင်းသားလည်းမဟုတ်၊ အဆိုတော်လည်း မဟုတ်တဲ့ သာမာန်မိတ်ကပ်ဆရာတစ်ယောက်ပါ။ အဲဒါကို MD Skincare ရဲ့ Brand Ambassador အဖြစ်ကမ်းလှမ်းခံရတော့ အရမ်းဝမ်းသာပေမယ့် လက်မခံရဲခဲ့ပါဘူး။ ဒါပေမယ့် ကိုယ်ကလည်း အသက်အရွယ်တစ်ခုရလာတော့ အမည်းစက်လေးတွေ အ‌ရေးအကြောင်းလေးတွေ ရှိလာတာနဲ့ MD Skincare ကို ကျွန်တော်သုံးကြည့်ခဲ့တယ်။ တစ်လအတွင်းမှာကို အမည်းစက်တွေ ပျောက်ကုန်တယ်။ ဒါကြောင့် MD Skincare ကို သဘောကျခဲ့သလို ပိုင်ရှင်အစ်မရဲ့ ရိုးသားမှုနဲ့ စိတ်စေတနာကောင်းမွန်မှု သုံးစွဲသူတွေအတွက် ထိုက်သင့်တဲ့စျေးနှုန်းနဲ့ ကောင်း မွန်တဲ့ အရည်အသွေးတွေအပြင် အဓိကကျတဲ့ နောက်တစ်ချက်ကတော့ မြန်မာအိမ်ရှင်မတွေ အမျိုးသမီးတွေအတွက် အလုပ်အကိုင်နဲ့ ဝင်ငွေရတဲ့အလုပ်တစ်ခုဖြစ်စေတာကြောင့် ကျွန်တော့်အနေနဲ့ ဒီ MD Skincare ရဲ့ Brand Ambassador အဖြစ် လုပ်ကိုင်ဖြစ်ခဲ့တာပါ” လို့ Makeup Artist ကိုသာဂိက ပြောပါတယ်။

အဆိုပါအခမ်းအနားမှာတော့ အနုပညာရှင်တွေဖြစ်တဲ့ Zell၊ ဟိန်းရတု၊ နက္ခတ်၊ ရတနာမိုင်၊ မြယာ၊ ဝေလာရီ၊ ပွင့်နဒီမောင်၊ မမဆောင်း၊ ခရစ္စတီးနား၊ နွေးနွေးချစ်ဖွယ်၊ ဗီဗာဟိန်း၊ မြသဉ္ဇာလီ၊ အေမီဈာန်၊ ကျော်ကျော်နန္ဒ စတဲ့သူတွေ တက်ရောက် ချီးမြှင့်ပြီး တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News