၂၈.၄.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈) ရပ်ကွက်၊ ဦးဘဉာဏ်လမ်းရှိ ယာယီပိတ်ထားသော Remember Bar တွင် ဧပြီလ ၂၈ ရက် နံနက် ၈ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ အလျား ပေ ၇၀၊ အနံ ပေ ၄၀ ရှိ Steel Structure ၂ ထပ်ခွဲ Remember Bar စားသောက်ဆိုင်ရှိ ၅ ပေပတ်လည် ပစ္စည်းအတင်အချ ပြုလုပ်သည့်အခန်းတွင် H ဘင့်အားပြုပြင်ရန် ဝရိန်ဆော်ရာမှ မီးပွားလွင့်၍ အသံလုံဖော့များပေါ်သို့ ကျရာမှ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အသံလုံဖော့ ၁၀ ချပ်၊ ဝါယာကြိုးများမီးလောင်ဆုံးရှုံးခဲ့သဖြင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မီးလောင်မှုမှာ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၇ ဦးဖြင့် မီးငြှိမ်းသတ်ခဲ့သည်။

Remember Bar တွင် ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း စတိတ်စင်ပေါ်ရှိ မီးဆိုင်းကို ဝရိန်ဆော်ရာမှ အသံလုံဖော့များပေါ်သို့ မီးပွားကျကာ မီးလောင်မှုဖြစ်ပွားခဲ့၍ Base Drum ၁ လုံး၊ DJ စက် ၁ လုံး၊ ဘောက်စ် ၁၀ လုံး၊ အလှမီးများ၊ မိုက်ကရိုဖုန်း၊ အသံလုံဖော့၊ ဝါယာကြိုးများ မီးလောင်ဆုံးရှုံးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *