၂၈.၄.၂၀၂၄
Wirtten by KL

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရွှေမောဓောစေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲဈေးတွင် ဧပြီလ ၂၇ ရက် ညပိုင်းက စျေးသည် ၂ ဦးအပါအဝင် လူ ၂၉ ဦးကို ခွေးရူးကိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခွေးရူးကိုက်ခံရသူများမှာ အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ် မိန်းကလေး ၂ ဦး၊ အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေး၂ ဦး စုစုပေါင်း ကလေး ၄ ဦးအပါအဝင် အသက် ၁၈ နှစ်မှ အသက် ၇၀ အရွယ် အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၁၆ ဦး စုစုပေါင်း ၂၉ ဦး ခွေးရူးအကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဘုရားပွဲစျေး ဘုရားဖူးလာတဲ့သူတွေနဲ့ စျေးသည် ၂ ယောက်ကို ခွေးရူးအကိုက်ခံရတာ ဟုတ်ပါတယ်။ အကိုက်ခံရသူအများစုကတော့ ပဲခူးမြို့ပေါ်ကလူတွေများတယ်။ ခွေးကတော့ကိုက်ပြီး ပြေးသွားတယ်။ မဖမ်းမိသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ခွေးရူးအကိုက်ခံရသူများကို ညတွင်းချင်းပင် တာဝန်ရှိသူများက ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ခွေးရူးပြန်ကာကွယ်ဆေးနှင့် အဆိပ်ကျဆေးတို့ကို ထိုးနှံပေးခဲ့သည်။

ထပ်မံ၍ ဧပြီလ ၃၀ ရက်၊ မေလ ၄ ရက်နှင့် မေလ ၂၅ ရက်တို့တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများထပ်မံ ထိုးနှံရမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News