၂၈.၄.၂၀၂၄
Written By Thandar

ပရိသတ်စိတ်ဝင်စားနေကြတဲ့ “ ကျွန်တော်နှင့်သူမ လက်ထပ်ကြသောနေ့မှာ ” ဇာတ်လမ်းကို သရုပ်ဆောင်စစ်နိုင်နဲ့အတူ ဟာသပုံစံလေး ပါဝင်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

“ရွှေပိုးရဲ့ ရွှေပြည်နန်း ကြော်ငြာကို ဇာတ်လမ်းပုံစံလေး ဒုတိယအကြိမ် ရိုက်ကူးထားတာပါ။ Commercial လေးပါ။ တကယ်တော့ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ပိုစတာလေးထွက်ထားပေမယ် ဟာသပုံစံလေး တင်ဆက်ထားတာပါ။ ဘယ်လို ပျော်ရွှင်ရယ်မောစရာကောင်းလဲဆိုတာကို ဒီဇာတ်လေး ထွက်လာရင် ကြည့်ရှုအားပေးကြပါဦးလို့ ရွှေပိုးပြောချင်ပါတယ်” လို့ သရုပ်ဆောင် ရွှေပိုးအိမ်က MT Entertainment ကို ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတိုကို ဇာတ်လမ်း ဇာတ်ညွှန်း ဖိုးကျော် (သန်လျင်) က ရေးသားပြီးတော့ ဒါရိုက်တာ သီဟမင်းညီက သရုပ်ဆောင် စစ်နိုင်၊ ရွှေပိုးအိမ်၊ ထူးခြား၊ သွန်းဆုနဒီ၊ ဟိဏ်းစစ်၊ ဟိန်းခန့်၊ ဖိုးသာထူး၊ အရှည်ကြီး၊ ထက်ထက် စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။

သူမကတော့ ရွှေပြည်နန်းနဲ့ ပတ်သတ်ပြီး ပထမဆုံး “အလှအပကြိုက်တဲ့ရွာ” ဇာတ်လမ်းကိုလည်း ရိုက်ကူးခဲ့ပြီးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသား စစ်နိုင်နဲ့ အတူ “ငမိုက် ဒဿ ကပ္ပိယ” ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာလည်းဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်နှင့်သူမ လက်ထပ်ကြသောနေ့မှာ ”ဇာတ်လမ်းတိုကို ယနေ့ ဧပြီ ၂၈ ရက် ည ၇နာရီမှာ ရွှေပြည်နန်း Facebook Page ကနေ ပရိသတ်ကို တင်ဆက်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *