၂၈.၄.၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ ကျိုက်မရောလမ်းမကြီးဘေးရှိ နေအိမ်တစ်လုံးတွင် ဧပြီ ၂၇ ရက် နေ့လယ် ၃ နာရီ ၁၀ မိနစ်ခန့်က ပန်ကာ အားသွင်းရာမှ အပူလွန်ကဲ၍ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်၍ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပန်ကာ အားသွင်းရင်း အပူလွန်ပြီး လောင်တာ။ အခုကရာသီဥတုက တော်တော်လေးပူတယ်။ ဆုံးရှုံးမှုကတော့ မသိဘူး။ လူတွေကတော့ ဘာမှမဖြစ်ဘူး”ဟု မီးလောင်မှုကို သွားရောက်ကူညီငြှိမ်းသတ်ပေးသည့် မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အဆိုပါဖြစ်စဥ်တွင် မီးလောင်သည့် အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း၊ မီးလောင်မှုဖြစ်စဥ်ကို ဒေသခံမီးသတ်ဌာနတို့မှ မီးသတ်ယာဥ်များ၊ မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအသင်းနှင့်​ မြို့ပေါ်ရှိပရဟိတအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ရာ မီးလောင်မှုဖြစ်စဥ် နာရီခန့်ကြာတွင် မီးငြိမ်းသွားကြောင်း၊ မီးပေါ့ဆသူများကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ – MFSD၊ မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *