၂၇.၄.၂၀၂၄
Written by KL

ပဲခူးမြို့၊ မဲခုန်ကျေးရွာအုပ်စုရှိ ဘားမဲ့ဘောလုံးကွင်းတွင် ဧပြီလ ၂၆ ရက် နံနက်ပိုင်းက ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ်ခန့်ရှိပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ဒဏ်ရာများရှိနေကာ လတ်တလောအထိပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။

“ဘာကြောင့်သေဆုံးလဲဆိုတာတော့မသိရ​သေးဘူး။ ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားကို ဒေသခံနာရေးကူညီမှုအသင်းက ပဲခူးမြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News