Photo -ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့

၂၇.၄.၂၀၂၄
Written by TZ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ တပင်ရွှေထီးလမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦး ၎င်း၏နေအိမ်ခြံအတွင်းရှိ ရေတွင်းထဲ၌ မိမိကိုယ်ကိုယ် ကြိုးဆွဲချ (ဆွဲကြိုးချ)ပြီး အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်ကို ဧပြီလ ၂၇ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံသို့ မိသားစုဝင်များမှ ဖုန်းဆက်အကြောင်းကြား အကူအညီတောင်းသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

“ရေတွင်းက အပျက်မဟုတ်ဘဲ သုံးနေတဲ့ရေတွင်း။ အလောင်းကို ကုန်းပေါ်သယ်ပြီး ရင်ခွဲရုံပို့လိုက်တာ။ ကျန်တာက မသိဘူး”ဟု ရုပ်အလောင်းအားသွားရောက်သယ်ဆောင်သည့် ထိုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဆိုသည်။

မိမိကိုယ်ကိုယ်အဆုံးစီရင်သည့် အသက် ၄၄ နှစ်အရွယ် ဦးဖိုးလမင်းကို ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ မြို့နယ်နာရေးအသင်းပိုင်နိဗ္ဗာန်ယာဥ်ကိုအသုံးပြု၍ ၂ မိုင်မြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo -ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *