၂၆.၄.၂၀၂၄
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ညောင်ပင်စျေးရပ်ကွက် (၁)လမ်းရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၂၅ ရက် နံနက်ပိုင်းက အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ လေထိုးရေကူးကန်ကို ရေဖြည့်ရန် ပလပ်ပေါက်ထိုးရာမှာ ဓာတ်လိုက်​သေဆုံးမှု ဖြစ်ပွားခဲ့သည်။

သေဆုံးသူ မိန်းကလေးငယ်မှာ မအိကြာဖြူနှင်း(ခ)ဖုကုချန်ဖြစ်ပြီး အလွန်လိမ္မာသူလည်းဖြစ်ကြောင်း၊ ကလေးငယ်၏ ဖခင်ဖြစ်သူမှာ ကျန်းမာရေးမကောင်းမွန်သလို မိခင်ဖြစ်သူမှာလည်း အကျဥ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသူဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။

“သူ့အဖေ ရေချိုးခန်းထဲမှာရှိနေပါတယ်။ တစ်ခဏလေးအချိန်အတွင်းမှာ မယုံနိူင်အောင်ဖြစ်သွားတာပါ။ သူ့အဖေကလည်းကျန်းမာရေးမကောင်း။ သူ့အမေကလည်း ပြန်မလာနိုင်။ အန်တီတ်ို့နဲ့လာနေမလားမေးရင် သူ့အဖေကိုစိတ်မချလို့ ဘယ်မှာမှမနေဘူး သူ့အဖေနဲ့ပဲနေမှာပြောတယ်။ အရွယ်နဲ့မလိုက်အောင်လိမ္မာပြီး သိတတ်တဲ့ကလေးလေးပါ “ဟု သေဆုံးသူကလေးငယ်၏ ဆွေမျိုးတော်စပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

သေဆုံးသူကလေးငယ်၏ ရုပ်အလောင်းကို မနက်ဖြန် ဧပြီလ ၂၇ ရက် နံနက် ၁၁ နာရီတွင် ပေါက်ပင်ကွင်းသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *