၂၆. ၄. ၂၀၂၄
Written by Nay Moe

နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာမှာ မနေ့က ဧပြီလ ၂၅ ရက် နေ့လယ် ၁၁ နာရီအချိန်မှာ ညီအစ်ကိုခြင်း အချင်းများရာက ဓားခုတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က အသက် ၃၇ နှစ်အရွယ် မိုင်းကျော်လေးဟာ ဆွံ့အဝေဒနာသည်တစ်ဦးဖြစ်ပြီး အိမ်လုပ်ငန်းတွေ လုပ်ကိုင်နေရတာ၊ နေ့စဥ်လက်ဖက်ခူးနေရပေမဲ့လည်း အစ်ကိုဖြစ်သူက သုံးစွဲဖို့ ပိုက်ဆံမပေးတာကြောင့် အစ်ကိုဖြစ်သူနဲ့ အချင်းများပြီး အစ်ကိုဖြစ်သူကို ဓားနဲ့ခုတ်ခဲ့တာပါ။

မိုင်ကျော်လေးက ဓားနဲ့ခုတ်တာကြောင့် အစ်ကိုဖြစ်သူ အသက် ၄၀ ဝန်းကျင်အရွယ် မိုင်းဇော်ဝင်းနိုင်ဟာ ဦးခေါင်းပြတ်ရှဒဏ်ရာရှိပြီး ကမ်ဟယ်ဆေးခန်းမှာ ခြောက်ချက်ချုပ်ခဲ့ရပြီး လက်ရှိမှာတော့ ဓားနဲ့ခုတ်သူကို PSLF/TNLA က ဖမ်းထားပြီး အရေးယူမယ် ပြောပါတယ်။

ပြစ်မှုကျူးလွန်တဲ့ မိုင်းကျော်လေးဟာ အရင်ကလည်း အစ်ကိုဖြစ်သူ မိုင်း​ဇော်ဝင်းနိုင်ရဲ့ အမျိုးသမီးကို ဓားနဲ့ခုတ်ဖို့ အကြိမ် ကြိမ်ကြံရွယ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *