၂၆.၄.၂၀၂၄
Written by KL

ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ဘေလီတံတားပေါ်တွင် ဧပြီလ၂၅ ရက် ည ၉ နာရီခွဲခန့်က ကား ၂ စီးတိုက်မိရာမှ ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ ဘေလီတံတားပေါ်တွင် Toyota Belta ခဲရောင်ယာဥ်၏ အင်ဂျင်ခန်းနှင့် Honda CRVအဖြူရောင်ယာဥ်တို့တိုက်မိရာမှ Toyota Belta ခဲရောင်ယာဥ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၂ စီး၊မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း ၁၀ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီး​လောင်မှုကြောင့် Toyota Belta ခဲရောင်ယာဥ်၏ တာယာ ၄ လုံး၊ လေကာမှန် အပါအဝင် ကားတစ်စီးလုံးမီးလောင်ဆုံးရှုံးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *