September 21, 2024

၂၆.၄.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ဘေဂျင်းမြို့၌ ဧပြီလ ၂၆ ရက် နံနက်က တွေ့ဆုံဆွေးနွေးရာ ဝမ်ယိက “အမေရိကန်နဲ့တရုတ်နိုင်ငံတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်အောင်ထားမလား၊ အဆက်မပြတ်အနိမ့်ကို ထိုးဆင်းနေတာ လိုလားမလား၊ ရွေးချယ်ကြရမှာပဲ” ဟုပြောကြားခဲ့ ကြောင်း သိရသည်။

ဝမ်ယိက နှစ်နိုင်ငံပူးပေါင်း၍ ကမ္ဘာ့ပြဿနာများကို နှစ်ဖက်စလုံးအကျိုးရှိစေမည့်နည်းဖြင့် ဖြေရှင်းကြမည်လော၊ ပြိုင်ဘက်များအဖြစ် ထိပ်တိုက်ရင်ဆိုင်ကြကာ ပဋိပက္ခအတွင်းကျရောက်စေမည့် နှစ်ဘက်စလုံး ဆုံးရှုံးစေမည့်နည်းလမ်းကိုရွေးကြမည်လော စဉ်းစားကြရမည်ဟု ပြောခဲ့သည်။

ဘလင်ကန်၏ တရုတ်နိုင်ငံခရီးစဉ်က အင်အားကြီးနှစ်နိုင်ငံတို့၏ ဆက်သွယ်မှုတိုးချဲ့ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စေရန်အတွက်ဟု ဆိုရမည်ဖြစ်သော်လည်း နှစ်နိုင်ငံအကြား လက်ရှိအခြေအနေ၌ ဆူးငြောင့်ခလုတ်များသဖွယ် မဖြေရှင်းနိုင်သည့် ပြဿနာများစွာရှိနေဆဲဖြစ်သည်။ တရုတ်နိုင်ငံက ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှရပ်တည်နေသလို ၎င်း၏ တောင်တရုတ်ပင်လယ်နှင့် တရုတ်တိုင်ဝမ်တို့အား ကျူးကျော်သိမ်းပိုက်ရန် ဟန်ရေးပြမှုများက အဓိကပြဿနာများလည်းဖြစ်သည်။

အမေရိကန်ကလည်း တရုတ်ကုမ္ပဏီများက နည်းပညာမြင့်မားသော အမေရိကန်ထုတ်ကုန်များမရရှိနိုင်ရန် တင်းကျပ်မှုများ၊ တရုတ်နိုင်ငံ၏ အဓိကပို့ကုန်များအပေါ် ကုန်သွယ်ရေးအတားအဆီးပြုလုပ်မှုများနှင့် တရုတ်နိုင်ငံသို့ အမေရိကန်ပို့ကုန်များအပေါ်ထိန်းချုပ်မှုများကို ပြုလုပ်ရန်ရည်ရွယ်လျက်ရှိသည်။

ဆက်လက်၍ ဝမ်ယိက အမေရိကန်အနေနှင့် တရုတ်နိုင်ငံက အဆင့်မြင့်နည်းပညာများရယူနိုင်မှုကို အမျိုးမျိုးဖြတ်တောက်မှုများပြုလုပ်လျက်ရှိကြောင်းနှင့် အဆိုးဝါးဆုံးက တရုတ်တိုင်ဝမ်နှင့် တရားမဝင်ဆက်ဆံရေးကို ထူထောင်ထားခြင်းဖြစ် ကြောင်းလည်း ပြောခဲ့သည်။

Ref -CNN

Leave a Reply

Your email address will not be published. Required fields are marked *