၂၆.၄.၂၀၂၅
Written by TZ

မန္တလေးမှ ရန်ကုန်သို့ ဆင်းလာသည့် ရထားပေါ်၌ လိုက်ပါလာသော ခရီးသည်တစ်ဦးမှာ ထိုရထားပေါ်တွင်သေဆုံးနေသောကြောင့် ရုပ်အလောင်းကို နေပြည်တော်ဘူတာကြီးတွင် ချထားခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်မှာ ဧပြီလ ၂၅ ရက် နေ့လည် ၁ နာရီကျော်တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါအမျိုးသား၏ရုပ်အလောင်းကို ရထားပေါ်က ချထားခဲ့သောကြောင့် ပုဗ္ဗသီရိမြို့ရှိ တာဝန်ရှိရဲများမှ စေတနာလူမှုကူညီရေးအသင်း-ကျည်တောင်သို့ ဖုန်းဆက်ကာအကူအညီတောင်း အကြောင်းကြားသောကြောင့် သေဆုံးနေသည့် ရုပ်အလောင်းကို အဆိုပါလူမှုကူညီရေးအသင်းက ပုဗ္ဗသီရိကုတင် ၃၀၀ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“မိသားစုတွေနဲ့ အဆက်အသွယ်ရပြီလို့ပြောတယ်။ ရန်ကုန်ဘက်ကို သွားတဲ့ရထား။ အလောင်းကို ဆေးစစ်မှသိရမယ်။ ဘာလို့သေတာလဲဆိုတာ မသိသေးဘူး။ ထင်ရတာတော့ အပူလွန်ကဲပြီး သေသွားတာလားတော့မသိဘူး”ဟု ရုပ်အလောင်းအားသွားရောက်သယ်ဆောင်သည့် စေတနာလူမှုကူညီရေးအသင်းမှ MT News သို့ ဖြေကြားသည်။

ဓာတ်ပုံ – စေတနာလူမှုကူညီရေးအသင်း-ကျည်တောင်ကန်

Leave a Reply

Your email address will not be published. Required fields are marked *