၂၆. ၄. ၂၀၂၄
Written by Ye Kyaw

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းကဏ္ဍတွင် ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု စုစုပေါင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅ ခု အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂ဝ၂၄) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းအမျိုးအစားများမှာ ပဲအမျိုးမျိုး၊ နှမ်းနှင့်ပြောင်း ကြိတ်ခွဲသန့်စင် ထုတ်ပိုး၍ ၁၀ဝ ရာခိုင်နှုန်း ပြည်ပတင်ပို့ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် စက္ကူအိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် သတို့သမီးဝတ်စုံများ ချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅ ခု၏ မတည်ငွေရင်း ပမာဏမှာ ကျပ်သန်း ၄၀၀၀ နှင့် ဒေါ်လာ ၄ ဒသမ ၁၀၃ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁,၉၅၂ ဦးအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *