၂၅. ၄. ၂၀၂၄
Written by Nay Moe

ရဲတပ်ဖွဲ့ဝင်များစီးလာတဲ့ ကားလို့စွပ်စွဲပြီး အိမ်စီးကားနှစ်စီးကို နွားထိုးကြီး PDF နှစ်ဖွဲ့ပေါင်းလို့ ချောင်းမြောင်းပစ်ခတ်ပြီး ဧပြီ ၂၄ ရက််မှာ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဖျက်ဆီးခဲ့တဲ့ Natogyi People Defence Force က ဒီနေ့ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုက မနေ့က မနက် ၈ နာရီ၀န်းကျင်မှာ နွားထိုးကြီးမြို့နယ် ၀က်လူးနယ်မြေရဲစခန်းက ကင်းပတ်ထွက်လာတဲ့ ကားနှစ်စီး ခန့်မှန်းအင်အားလခရ ၁၀ ဦးနဲ့ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ခန့် ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့တယ် ပြောပါတယ်။

ဒီ ထိတွေ့တိုက်ပွဲမှာ ကားနှစ်စီးကို မီးရှို့ခဲ့သလို ခြောက်လုံးပြူးတစ်လက်၊ ကျည် ၆ တောင့်၊ ဖုန်းတစ်လုံးနဲ့ ပိုက်ဆံအချို့ သိမ်းဆည်းရခဲ့ပြီး ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်းနဲ့အတူ နွားထိုးကြီးမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်ပြောပါတယ်။

MT News သတင်းဌာနအနေနဲ့ အိမ်စီးကားနှစ်စီးကို နွားထိုးကြီး PDF တွေ ချောင်းပစ်တာ၊ ဆဲဆိုမီးရှို့တာနဲ့ လုယက်ခဲ့ကြတာကို ထုတ်ပြန်သလောက်သာဖော်ပြတာဖြစ်ပြီး PDF တွေ မီးရှို့တဲ့အိမ်စီးကားတွေက ရဲကားဟုတ်မဟုတ် အတည်မပြုနိုင်သလို ဒီကားနှစ်စီးပေါ်က လက်နက်တွေ တွေ့ရှိသိမ်းဆည်းတယ်ဆိုတာကိုလည်း နွားထိုးကြီး PDF တွေဘက်က သက်သေမပြနိုင်လို့ မှန်မမှန်မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Related News