၂၅.၄.၂၀၂၄
Written by TZ

ယနေ့ ဧပြီ ၂၅ ရက် ည ၇ နာရီ ၅၅ မိနစ်ခန့် အချိန်တွင် မကွေးမြို့၊ သစ္စာလမ်း၊ မိုးကုတ်ဝိပဿနာကျောင်းရှေ့တွင်မော်တော်ဆိုင်ကယ်တစ်စီးမှ အရှိန်လွန်၍ အကင်တွန်းလှည်းတွန်းလာသူများကို နောက်ကဝင်တိုက်မိသဖြင့် အကင်တွန်းလှည်းတွန်းလာသည့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အကင်လှည်းနဲ့ပါလာတဲ့ အကူအမျိုးသမီးတစ်ဦး ခါးရိုးထိသွားတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဆိုင်ကယ်မောင်းသူလည်းရှိတယ်။ အကင်လှည်းကို ဆိုင်ကယ်က အနောက်ကနေဝင်တိုက်တာလို့ ပြောပါတယ်” ဟု ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီသည့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ဒဏ်ရာရရှိသည့် အမျိုးသမီးကို မကွေးပြည်သူ့ဆေးရုံသို့ပို့ဆောင်လိုက်ပြီး အကင်တွန်းလှည်းလည်း ပျက်စီးသွားသည်ဟု သိရသည်။

ဓာတ်ပုံ -ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *