၂၄. ၄. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်က စူးလက်ဖက်ရည်ဆိုင်မှာ ဒီနေ့မနက်က မနက်စာ စားသောက်နေတဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုးကို PDF သုံးဦးက သတ်ဖြတ်တာကြောင့် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

CCTV မှတ်တမ်းအရ ဗိုလ်မှူးသက်နိုင်စိုးနဲ့ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးဟာ စူးလက်ဖက်ရည်ဆိုင်မှာ ဒီနေ့ ဧပြီ ၂၈ ရက် မနက် ၈ နာရီ ၃၆ မိနစ်အချိန်မှာ မနက်စာ စားနေချိန် ဆိုင်အနောက် အဝင်နား ဖလန်ထည်အကွက်နဲ့ လူငယ်တစ်ယောက်စီ သူ့လိုဖလန်နယ်အကွက်ဆင်တူဝတ်ထားတဲ့လူငယ်တစ်ယောက်နဲ့ အစင်းကျားဝတ်ထားတဲ့လူငယ်တစ်ယောက် ရောက်လာပြီး စကားအနည်းငယ်ပြောအပြီးမှာ နောက်ရောက်လာတဲ့ဖလန်နယ်အကွက်နဲ့လူငယ်က အရင်ထပြီး ဗိုလ်မှူးသက်နိုင်စိုးကို သေနတ်နဲ့ လေးချက်ပစ်ခတ်ခဲ့သလို ပထမရှိနေတဲ့ဖလန်နယ်အကွက်နဲ့လူငယ်ကပါ ထလာပြီး ဗိုလ်မှူးသက်နိုင်စိုးကိုပဲ နှစ်ချက်ဆင့်ပစ်ပြီး ထွက်ပြေးသွားကြတာပါ။

ဒီလိုမျိုး အနီးကပ်ပစ်ခတ်ထွက်ပြေးတာကြောင့် ဗိုလ်မှူးသက်နိုင်စိုးဟာ နဖူး​ဖောက်ဝင် ဝဲ-ဂျိုစောင်း ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-ဂျိုစောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့် ဖောက်ဝင် နောက်ကျောဖောက်ထွက်ဒဏ်ရာ ၂ ချက်တို့နဲ့ ပွဲချင်းပြီးသေဆုံးသွားတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *