၂၄.၄.၂၀၂၄
Written by KL

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ရွှေမုဌောကျေးရွာအုပ်စု၊ ရေဖြူရွာအနီး၊ နောင်ချို-ရပ်စောက်လမ်းမကြီးတွင် ဧပြီလ ၂၃ ရက် နံနက် ၈ နာရီခန့်က ၆ ဘီးကားနှင့် ကြံခုတ်လုပ်သားများတင်ဆောင်လာသော ထော်လာဂျီတို့ တိုက်မိခဲ့ရာက ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ကြံခုတ်မယ့်သူတွေက သရက်ကုန်းရွာကနေရွာ ရွှေမုဌောကို ကြံခုတ်သွားဖို့ ထော်လာဂျီပေါ်မှာ ၁၃ ဦး လိုက်လာတာ။ တော်တော်များများ ထိခိုက်ဒဏ်ရာရသွားတယ်။ တစ်ယောက်က ခြေထောက်ကျိုးတယ်။ သုံးယောက်က လက်ကျိုးတယ်။ထော်လာဂျီမောင်းတဲ့သူက မှန်ကွဲတွေ မျက်နှာရှတယ်။ ၆ ဘီးယာဥ်မောင်းကတော့ လက်မောင်းလက်ဆစ်ပြုတ်သွားတယ်”ဟု ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း(ကံကြီး)မှ အသင်းဝင်တစ်ဦးက ပြော သည်။

ယာဥ်တိုက်မှုကြောင့် အသက် ၂၁ နှစ်အရွယ်မှ ၅၀ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၁ ဦး ပွန်းပဲ့ဒဏ်ရာ၊မျက်နှာမှန်ကွဲရှဒဏ်ရာ၊ ခြေထောက်ကျိုး၊ လက်ကျိုးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း (ကံကြီး)မှ အသင်းဝင် ၇ ဦးဖြင့် နောင်ချိုပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *