ဓာတ်ပုံ - သဗ္ဗသုခအလုံးစုံအခမဲ့နာရေးကူညီမူအသင်း

၂၄.၄.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာတွင် အိမ်ထောင်ကွဲအမျိုးသားနှင့် အမျိုးသမီး ရန်ဖြစ်စကားများပြီး အမျိုးသားက ဓားဖြင့်ထိုးခုတ်၍ အမျိုးသမီးသေဆုံးသွားကြောင်း သိရသည်။

ဓားဖြင့်ခုတ်သူအမျိုးသားနှင့် သေဆုံးသူအမျိုးသမီးမှာ ယခင်က လင်မယားဖြစ်ပြီး သဘောထားမတိုက်ဆိုင်သောကြောင့် ကွဲထားရာမှ ဧပြီလ ၂၃ ရက် ညခင်းအချိန်တွင် အမျိုးသားဖြစ်သူက ဇနီးဖြစ်ခဲ့ဖူးသူ၏ နေအိမ်သို့ ရောက်ရှိလာ၍ ၎င်းတို့နှစ်ဦး ရန်ဖြစ်စကားများချိန် အမျိုးသားက အမျိုးသမီးကို ဓားဖြင့်ထိုးခုတ်ခဲ့သဖြင့် သေဆုံးရခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့က လင်မယားချင်း ကွဲထားတဲ့သူတွေ။ အဲ့ဒီမှာ ကွဲထားတဲ့ယောကျာ်းက သူ့အိမ်လာပြီး စကားများကြတာ။ ကွဲထားတဲ့သူ့ယောကျာ်းက သူ့ကိုဓားနဲ့ ထိုးတာ။ ဘယ်ဘက်လက်ပြင်နဲ့ ကုတ်မှာ ဓားဒဏ်ရာရတယ်။ အခု ဓားနဲ့ခုတ်တဲ့သူကိုလည်း ဖမ်းမိတယ်” ဟု သပြေစမ်းကျေးရွာတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဓား​ထိုးခံရမူကြောင့် သေဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်းကို နေပြည်တော်ကုတင်( ၃၀၀) ဆေးရုံကြီး ပြင်ပဌာနတွင် အစစ်ဆေးခံပြီးနောက် ရေခဲတိုက်(ရင်ခွဲရုံ)သို့ သဗ္ဗသုခအလုံးစုံအခမဲ့နာရေးကူညီမူအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သဗ္ဗသုခအလုံးစုံအခမဲ့နာရေးကူညီမူအသင်း

Leave a Reply

Your email address will not be published. Required fields are marked *

Related News