၂၂.၄.၂၀၂၄
Written by Nyein Kyaw

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား အနားယူခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ အမိန့်အမှတ် (၃၃/၂၀၂၄)ဖြင့် ယနေ့ ထုတ်ပြန်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် ၂၀၁၆ မှ ၂၀၂၀ လွှတ်တော်သက်တမ်းအတွင်း NLD ဒုတိယသမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပြုလုပ်ခဲ့သည့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးသို့ ဒုတိယသမ္မအဖြစ် တက်ရောက်ခဲ့သူဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *