၂၂. ၄. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြိုနယ်ရှိ အောင်ရတနာ ပုဂ္ဂလိကဆေးရုံအား ပိတ်သိမ်းခိုင်းကြောင်း သတင်းများ ထွက်ပေါ်နေပြီး ယခုလကုန်မှစ၍ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အောင်ရတနာဆေးရုံမှ သိရသည်။

MT News သတင်းဌာနအနေဖြင့် အောင်ရတနာဆေးရုံသို့ ဆက်သွယ်မေးမြန်းရာတွင် “ဒီလကုန်တဲ့အထိတော့ ဖွင့်ပါတယ်။ လကုန်တဲ့အထိပါပဲ။ နောက်ပိုင်းကိုတော့ မသိသေးပါဘူး။ ဒီရှေ့ရက်ပိုင်းအတွက်ကိုတော့ Booking ယူလို့ရပါသေးတယ်” ဟု အောင်ရတနာဆေးရုံမှ တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့ပြီး အခြားပိတ်သိမ်းရသည့် အကြောင်းအရင်းနှင့် မည်သည့်အချိန်ပြန်ဖွင့်မည်ကို ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။

အောင်ရတနာဆေးရုံအား လာမည့် မေလမှစတင်၍ ပိတ်သိမ်းရခြင်းသည် CDM ဆရာဝန်များအား လက်ခံထားသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ ပိတ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း ပြည်ပရောက် Exile မီဒီယာများတွင် ရေးသားဖော်ပြထားသည်။

MT News သတင်းဌာနအနေဖြင့် အောင်ရတနာဆေးရုံ ပိတ်သိမ်းရခြင်းနှင့်ပတ်သက်၍ ထပ်မံသိရှိနိုင်ရန်အတွက် တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနေပြီး ပိတ်သိမ်းရသည့်အကြောင်းအရင်းအား သိရှိရပါက ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News