၂၂. ၄. ၂၀၂၄
Written by Nay Moe

ရွာငံ-မန္တလေး အဝေးပြေးလမ်းမပေါ်က မြင်းကျဒိုး ရဲစခန်းကို ရွာငံ PDF က တိုက်ခိုက်ရာမှာ ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးဖွယ်ရှိပြီး တစ်ဦး အရှင်ဖမ်းမိတယ်လို့ Ywangan PDF (JPRF)က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို ဧပြီ ၂၁ ရက် မနက် ၁၀ နာရီခန့်က အလစ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်သား (၃) ဦးထက်မနည်း​သေဆုံးနိုင်ပြီး ဒုတပ်ကြပ်တစ်ဦးကိုပါ အရှင်ဖမ်းမိခဲ့တယ်လို့ ပုံနဲ့တကွ ထုတ်ပြန်ထားသလို ရုပ်သံမှာလည်း အလစ်အင်ိုက်မှာအကာအကွယ်ယူပြီး ချောင်းပစ်နေတဲ့ ရွာငံ PDF တွေရဲ့ ဆဲဆိုတိုက်ခိုက်မှု တွေ့ရပါတယ်။

အလစ်ဝင်ပစ်တဲ့ ဒီတိုက်ခိုက်မှုမှာ ရွာငံ PDFက တစ်​ဦး ဒဏ်ရာ ရရှိခဲ့ပြီး မြင်းကျဒိုး ရဲစခန်းက ဖုန်းတစ်လုံး၊ AK-47 တစ်လက်၊ ကာဘိုင်တစ်လက်နဲ့ AK ကျည် ၃၀၀ တောင့်ကို လုယက်သိမ်းယူခဲ့တယ် ပြောပါတယ်။

ပုံစာ။ ဖမ်းဆီးခံရ​သောရဲဒုတပ်ကြပ်၊ လုယက်သိမ်းဆည်းခဲ့သော လက်နက်ခဲယမ်းများ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News