၂၂. ၄. ၂၀၂၄
Written by Hey Mar

စပါးအိတ် တင်လာတဲ့ Faw ကားနဲ့ ဆီဘောက်ဆာကားတို့ အပြင်းအထန်တိုက်မိတဲ့ဖြစ်စဥ် ဒီနေ့ ဧပြီ ၂၂ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ရင်ခုန်သံရှင်သန်ရေး ရှင်ရေးကူညီမှုအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က တောင်ငူမြို့ (၁)ရပ်ကွက်မှ ကိုသူရ ရန်ကုန်ဘက်ကနေ မောင်းနှင်လာတဲ့ ဆီဘောက်ဆာကားနဲ့ ညောင်ခြေ ထောက်ဘက်ကနေ ကိုသောင်းလင်းနဲ့ ကိုရောင်ကြည်လင်းထက်တို့ မောင်းလာတဲ့ Faw ကား တိုက်မိပြီး နှစ်ဖက်ကားပေါ်က ယာဥ်မောင်းတွေ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတာပါ။

ရင်ခုန်သံရှင်သန်ရေး ရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးတေဇသီရိက “Faw ကားက ဖြတ်ထွက်တယ် ထင်ပါတယ်။ သူ့ကို ဆီဘောက်ဆာက ခါးလည်လောက်ကနေ ဖြတ်တိုက်ထားတာ။ ကားက အတော်ဝေးဝေးလွင့်ပြီး ရေမြောင်းထဲ ထိုးကျနေတာ။ ကားသမားကတော့ ဦးခေါင်းနောက်စေ့မှာ အုန်းသီးကို ခွဲထားသလိုပဲ ဒဏ်ရာအတော်များလို့ အုတ်တွင်းဆေးရုံက နေပြည်တော်လွှဲတယ်”လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ကိုသောင်းလင်းနဲ့ ကိုသူရတို့နှစ်ဦးကို အခင်းဖြစ်အရပ်မှ အုတ်တွင်းဆေးရုံ၊ အဲဒီကမှတစ်ဆင့် တောင်ငူဆေးရုံကြီး အရေးပေါ်ကို အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ Faw ကားယာဥ်မောင်းကိုသောင်းလင်းကို နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံဆီ ဆက်လက် ပို့ဆောင်ပေးနေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *