၂၂. ၄. ၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း (ပြည်ခရိုင်)၊ ပြည်မြို့၊ တရုတ်စုရထားလမ်းဘေးရှိ နေအိမ်တွင် အမျိုးသားတစ်ဦးမှာလည်ပင်းကို ဝါယာကြိုးအဖြူဖြင့် ဆွဲကြိုးချ အဆုံးစီရင်မှုဖြစ်ပွားခဲ့သဖြင့် ဧပြီလ ၂၁ ရက် ည ၈ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီထံသို့ ပြည်သူများမှ ဖုန်းဆတ်အကူအညီတောင်းခဲ့မှုအရ သွားရောက်ကူညီပေးခဲ့သော်လည်း ကွယ်လွန်သွားကြောင်း သိရသည်။

“အသက်ရှင်ဦးမလားလို့ ရင်ဘက်တွေဖိသေးတယ်။ အသက်က မရှိတော့ဘူး။ လည်ပင်းကို ဝါယာကြိုးဖြူနဲ့ အဆုံးစီရင်တာ။ ကျန်တဲ့ကိစ္စကတော့မသိဘူး”ဟု ထိုပရဟိတအဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါရုပ်အလောင်းကို ပြည်ဆေးရုံကြီးရင်ခွဲရုံသို့ မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီမှ ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ပဲခူးမြို့၊ ဥဿာမြို့သစ်(၈) ရပ်ကွက်၊ ရှင်ဆောင်းအထည်ချုပ်စက်ရုံတွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦးမှာ အရှည် ၂ပေခန့်ရှိ အနက်ရောင်မော်တာကြိုးဖြင့် အမြင့်(၉)ပေခန့်ရှိ ၎င်း၏နေအိမ်အိပ်ခန်းရှိ ထုတ်တန်းပေါ်မှ မိမိကိုယ်ကို ဆွဲကြိုးချ(ကြိုးဆွဲချ)၍ သေဆုံးခဲ့သည့် ဖြစ်စဥ်လည်းရှိခဲ့သည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီ

Leave a Reply

Your email address will not be published. Required fields are marked *