၂၀. ၄. ၂၀၂၄
Written by Nay Moe

ရခိုင်ပြည်၊ စစ်တွေမြို့မှာ ရခိုင်လက်နက်ကိုင် AA ကို အလိုမရှိဘူးလို့ ဘင်္ဂါလီမွတ်ဆလင်တွေက ဒီနေ့မနက်မှာ အချိန် တစ်နာရီကျော် ဆန္ဒပြခဲ့ပါတယ်။

ဘင်္ဂါလီတွေကို စစ်သားအဖြစ် စုဆောင်းနေတဲ့အပြင် လူကုန်ကူးမှုကိုပါကျုးလွန်နေတဲ့ AA လက်နက်ကိုင်အဖွဲ့ကို ဘင်္ဂါလီတွေက မကြာခဏ ဆန္ဒပြနေသလို ပြီးခဲ့တဲ့နှစ်ဆန်းတစ်ရက်နေ့ကလည်း ဘူးသီးတောင်မြို့ကို သိမ်းပိုက်ဖို့တိုက်ခိုက်နေတဲ့ AA ကြောင့် ဘူးသီးတောင်ဒေသခံ ဘင်္ဂါလီ လေးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တာကြောင့် စစ်တွေဒေသခံ ဘင်္ဂါလီတွေက ဒီနေ့မှာ ဆန္ဒထုတ်ဖော်တာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ဆန္ဒပြမှုက ဒီနေ့ ဧပြီလ ၂၀ရက်၊ နံနက် ၉ နာရီခွဲအချိန်ကစပြီး စစ်တွေမြို့၊ ဘုမေမွတ်ဆလင်ကျေးရွာက စတင်ကာ စစ်တွေမြို့အနှံ့ကို မွတ်ဆလင်လူဦးရေ ၁၀၀၀ ခန့်က “ရခိုင်မြေ၌ AAအလိုမရှိ” ဆိုတဲ့ ဆိုင်းဘုတ် ကိုင်ဆောင်ပြီး ဆန္ဒပြနေတာလို့လည်း ဒေသခံနိရဥ္စရာသတင်းဌာနက ဖော်ပြထားပါတယ်။

AA အလိုမရှိကြောင်းကို ရခိုင်ပြည်နယ်နေ ဘင်္ဂါလီမွတ်ဆလင်တွေက ဆက်တိုက်ဆန္ဒပြနေတာ ငွေပေးပြီးဆန္ဒပြခိုင်းတာလို့ Exile မီဒီယာတွေနဲ့ ရခိုင်မီဒီယာတွေကရေးနေပေမဲ့လည်း ဒီလို ဆန္ဒပြနေမှုအပေါ် ဘင်္ဂါလီရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ဖွဲ့ပြီး ဘင်္ဂါလီအရေးလှုပ်ရှားနေတဲ့ ရိုနေဆန်းလွင်တို့ကတော့ ဘင်္ဂါလီတွေကလည်း လက်နက်ကိုင်နှစ်ဖွဲ့ကြား ညပ်နေတာလို့ပဲ လူမှုကွန်ရက်မှာရေးသားထားတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာတော့ AA ရဲ့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှုကြောင့် ရခိုင်ပြည်သူအများစု စစ်ဘေးရှောင်ရင်း စားဝတ်နေရေးအခက်အခဲကြုံနေရသလို စစ်တွေမြို့ပေါ်မှာတောင် ကုန်စျေးနှုန်းက ရန်ကုန်ထက်သုံးဆမက မြင့်တက်နေလို့ အခက်ကြုံနေကြပါတယ်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *